Toxic Text Effect တစ်ခုကို ဖန်တီးခြင်း (4)
Step (5) Invert Selection ပြုလုပ်ခြင်း
အခု Selection ၀င်နေတဲ့နေရာတွေဟာ စောစောက Brush နဲ့ ဖိပြီး Click လုပ်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။ အခု ဒီ Selection ရဲ့ ပြောင်းပြန် Invert Selection ကို ယူလိုက်ပါမယ်။ ဒါကြောင့် Keyboard မှ Ctrl+Shift ကို နှိပ်လိုက်ပါမယ်။
Inverse Selection ဖြစ်နေတဲ့အခါမှာ Keyboard မှ Delete ကို တစ်ချက်နှိပ်လိုက်ပါမယ်။ ဒါဆို အောက်ပါပုံအတိုင်း ရရှိလာမှာ ဖြစ်ပါတယ်။
Step (6) Fx များထည့်သွင်းခြင်း
ဆက်လက်လုပ်ဆောင်ရမှာကတော့ ညာဖက် Layer Panel မှ fx ကို နှိပ်ရန် ဖြစ်ပါတယ်။ ဒီလို fx ကိုနှိပ်ရာမှာ Toxic Layer ကို ရွေးချယ်ထားရန် လိုအပ်ပါတယ်။ ပြီးနောက် Bevel and Emboss ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Depth နေရာတွင် 806 လောက် ထားလိုက်ပါတယ်။ Size ကတော့ 5 px ဖြစ်ပါတယ်။ Soften ကတော့ 2 px ဖြစ်ပါတယ်။
ပုံအနေအထားအလိုက် Soften ကို ပိုတင်ချင်ရင် တင်နိုင်ပါတယ်။ Gloss Contour နေရာမှာတော့ အချွန်နှစ်ခု ပုံသဏ္ဍန်ကို ပြောင်းလဲရွေးချယ်ပေးထားပါတယ်။
Color Overlay ကို ဆက်လက်ပြင်ရပါမယ်။ အစိမ်းရောင်ကို လိုချင်တဲ့အတွက်ကြောင့် Color Overlay နေရာမှာ အစိမ်းရောင်ကို ပြောင်းလဲရွေးချယ်ပေးလိုက်ပါမယ်။ Blend Mode ကတော့ Nomal အတိုင်းသာ ဖြစ်ပါတယ်။
စာလုံးရဲ့ ပတ်လည်မှာ Stroke ထည့်ပါမယ်။ ဒါကြောင့် Stroke ကို ရွေးချယ်လိုက်ပါမယ်။ Stroke ရဲ့ အရောင်ကိုတော့ အစိမ်းရင့်ရောင်ကို ရွေးချယ်ပေးလိုက်ပါတယ်။
အထူးသဖြင့် Color Overlay မှာ ရွေးခဲ့တဲ့အရောင်ထက် ပိုမိုပေါ်လွင်တဲ့ အရောင်မျိုး ဖြစ်သင့်ပါတယ်။ Size အရွယ်အစားကိုတော့ 3 လောက်သာ ထားရှိပါတယ်။ တကယ်လို့ Stroke ကို ခပ်ထူထူ လိုချင်ရင်တော့ ဒီ Size နေရာမှာ ပြင်ဆင်ပေးနိုင်ပါတယ်။
Satin ရဲ့ ဘေးမှာ အမှန်ခြစ်လေးထည့်သွင်းပြီး Blend Mode နေရာမှာ Hard Light ကို ရွေးချယ်လိုက်ပါမယ်။ Opacity နေရာမှာကတော့ 50 % လောက်သာ ထားရှိပါတယ်။
အားလုံးပြင်ဆင်ပြီးသွားရင်တော့ OK ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် ယခုကဲ့သို့ Toxic ပုံစံ စာသား Effect တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။