Transitions များ ထည့်သွင်းခြင်း
Transitions ဆိုတာကတော့ Side များအကြား Slide တစ်ခုနှင့်တစ်ခု ကူးပြောင်းရာမှာ Effect အနေဖြင့် အလှဆင်ပေးသည့် အရာဖြစ်ပါတယ်။ Transition များကို Slide Show များသာမကပဲ Video Project များမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။
Slide တစ်ခုမှ တစ်ခု သို့ကူးပြောင်းရာမှာ ပုံမှန်အတိုင်း ကူးပြောင်းခြင်းမျိုးမဟုတ်ပဲ ကြားခံ Transition များကို ထည့်သွင်း တန်ဆာဆင်ပေးနိုင်ပါတယ်။ Transition ရဲ့ သဘောသဘာဝကို နားလည်သဘောပေါက်စေရန်အတွက် Project လေးတစ်ခု လုပ်ပြီး စမ်းသပ်ကြည့်ပါမယ်။
ပထမဆုံးအနေဖြင့် PowerPoint Project တစ်ခုအတွင်း Slide များကို ထည့်သွင်းထားလိုက်ပါ။ ပြီးနောက် Slide တစ်ခု ချင်းစီအတွင်း ဓါတ်ပုံများကို ထည့်သွင်းထားလိုက်ပါ။ အနည်းဆုံး Slide နှစ်ခုလောက်တော့ ဖန်တီးထားရမှာ ဖြစ်ပါတယ်။
ပြီးနောက် Transitions Menu ကို နှိပ်လိုက်ပါ။ Transition Menu တွင် PowerPoint တွင် အသင့်ပါဝင်ထည့်သွင်းထားသော Transition ပေါင်းများစွာကို မြင်တွေ့ရပါလိမ့်မယ်။
အခု Push ဆိုသည့် Transition လေးကို Mouse နှင့် Click တစ်ချက် နှိပ်လိုက်ပါ။ ဒီလို နှိပ်ရာမှာ သင်ဟာ Slide 1 ကို Select မှတ်ထားရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် Push Transition ရဲ့ ကူးပြောင်းပုံကို Slide Windows မှာ ဖော်ပြနေမှာ ဖြစ်ပါတယ်။ ဒီလို Transition လေးကို Click တစ်ချက်နှိပ်လိုက်တာနဲ့ သင့် Select လုပ်ထားသော Slide အတွင်း ၎င်း Transition ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။ တစ်ချက်သတိထားရမှာကတော့ Slide တစ်ခုစီအတွက် Transition တစ်ခုသာ အသုံးပြုနိုင်ပါတယ်။
အခု Slide 1 ဘေးမှာ Transition ထည့်သွင်းထားတဲ့အတွက်ကြောင့် Star ပုံစံလေး တစ်ခု ပြသပေးနေတာကို တွေ့ရပါလိမ့်မယ်။ ဒီလို Slide များအတွင်း ထည့်သွင်းထားသော Transition များကို ပြန်လည် ဖြုတ်ပစ်ချင်တယ်ဆိုရင်တော့ Transition ထည့်ထားသော Slide ကို Select မှတ်လိုက်ပါ။
ပြီးနောက် Tranistion Menu ကို ခေါ်ပြီး Transition နေရာတွင် None ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် သင်ထည့်သွင်းထားသော Transition ကို Delete လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း Transition များ ထည့်သွင်း ခြင်း ဖြုတ်ခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။