Twitter တွင် GIF Animation ပုံများ Share ပြုလုပ်နိုင်

Written by S.N.O Published in 19 Jun 2014

     Twitter အသုံးပြုသူ User များအနေဖြင့် သက်ဝင်လှုပ်ရှားနေသော GIF ပုံများ ကို ၎င်းရဲ့ Social Network တွင်  Share ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးပြောကြားသွားပါတယ်။ Twitter ရဲ့ လှုမှုကွန်ယက် ၀ဘ်ဆိုက်တွင် သက်ဝင်လှုပ်ရှားနေသော Animation ပုံများ မျှဝေအသုံးပြုနိုင်ရန်စီမံပေးခဲ့ပြီးနောက် ၎င်းမှ Tweet အနေဖြင့်ရေးသားဖော်ပြပေးခဲ့ပြီး Animation ပုံတစ်ပုံကိုပါ တွဲဖက်တင်ထားခဲ့ပါတယ်။

 

 

ယခုအချိန်မှာ Social Network ဟာ အလွန်ရေပန်းစားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသုံးပြုသူ သန်းနှင့်ချီပြီး အများအပြားရှိနေပါတယ်။ Twitter အနေဖြင့် ယခုကဲ့သို့ Animation GIF များကို Support လုပ်နိုင်လာတာကြောင့် အခြား လူမှုကွန်ယက် Website များထက် ပိုမိုသာလွန် တဲ့ Feature ပါဝင်လာတယ်လို့ ဆိုနိုင်ပါတယ်။

     Twitter နှင့် အပြိုင် Facebook ဟာလည်း အောင်မြင်ကျော်ကြားသည့် လူမှုကွန်ယက် Website တစ်ခုဖြစ်ပေမယ့် လက်ရှိ Facebook အနေဖြင့် GIF များကို ထည့်သွင်းအသုံးပြုရန် စီမံထားခြင်းမရှိသေးပါဘူး။

       Twitter တွင် Post အနေဖြင့် Tweet တင်ထားသော GIF ပုံများဟာ သာမန်အားဖြင့် အလိုအလျှောက် Animate ပြုလုပ်နိုင်မှာမဟုတ်ပဲ ၎င်းကို Click နှိပ်မှသာ Animation အနေဖြင့် သက်ဝင်လှုပ်ရှား ပြသမှာ ဖြစ်ပါတယ်။ လက်ရှိ Twitter လူမှုကွန်ယက် Website ဟာ မိုဘိုင်း နှင့် Desktop platform နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပြီး ဥရောပ နိုင်ငံမှ ပညာရှင်များ ၊ အဆိုတော်များ ၊ သရုပ်ဆောင်များ ၊ နည်းပညာရှင်များ အနေဖြင့် Facebook ထက် Twitter ကို ပိုမိုအသုံးပြုလျှက်ရှိကြောင်း သိရပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.