Twitter မှ ကြောက်ရွှံ့ဖွယ်ပုံများ ပျံ့နှံ့နေမှုနှင့်ပက်သက်ပြီး စစ်ဆေးစုံစမ်း

Written by S.N.O Published in 22 Aug 2014

        လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း Twitter မှ CEO ဖြစ်သူ Disk Costolo မှ ကြေညာပြောကြားချက်အရ Twitter လူမှုကွန်ယက်အတွင်း သံသယရှိဖွယ် Account ပိုင်ရှင်များမှ ဓါတ်ပုံဖိုင်များ အမြောက်အများ Post ပြုလုပ်ကာ လွှင့်တင် အသုံးပြုလျှက်ရှိကြောင်း ၎င်း ဓါတ်ပုံများမှာ အခြား ဗီဒီယို မီဒီယာများမှ ပုံများကို ကူးယူဖော်ပြထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ Twitter အနေဖြင့် ၎င်း ဓါတ်ပုံဖိုင်များ ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း များသောအားဖြင့် ဓါတ်ပုံ ဂျာနယ်လစ် James Foley ရဲ့ ပုံများ ဖြစ်ကြောင်း သိရှိရပါတယ်။

James Foley ဆိုသူဟာ အသက်အရွယ်အားဖြင့် 40 ၀န်းကျင်ရှိပြီး သူဟာ Syria တွင် လွန်ခဲ့သော 2 နှစ်ခန့်က အလွတ်ဂျာနယ်သမားတစ်ဦးအနေဖြင့် လုပ်ကိုင်နေစဉ်အတွင်း ပြန်ပေးဆွဲခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့သတင်းများဟာ များသောအားဖြင့် အစ္စလမ်ဘာသာနိုင်ငံများဖြစ်သည့် အီရန်နှင့် Syria နိုင်ငံရှိ ထိပ်လန့်စက်ဆုတ်ဖွယ်ကောင်းပြီး လူမြင်မသင့်တော်သော ဗီဒီယို ဖိုင်များမှ ကူးယူထားသော ပုံများကိုအသုံးပြုပြီး အထူးသဖြင့် ခေါင်းဖြတ်သတ်ဖြတ်ထားသော ပုံများကို ဖော်ပြထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

        ယခု ထိုပုံများ ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး Twitter မှ စုံစမ်းစစ်ဆေးလျှက်ရှိပြီး ၎င်းပုံများဟာ တရားဝင်ခွင့်ပြုထားသော ပုံများလား ခွင့်ပြုချက်မရပဲ လွှင့်တင်ခြင်းလား ဆိုတာကို ဖော်ထုတ်သွားမှာဖြစ်ကြောင်း Twitter စာမျက်နှာမှာလည်း ဒီလို ရက်စက်ကြမ်းကြုတ်သော ပုံများ ကို တင်ခွင့်ပြုမပြုကြောင်း ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.