UltraISO အသုံးပြုနည်း
UltraISO ဆိုတာဟာ Virtual Drive များ ဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်မျိုး ဖြစ်ပါတယ်။
အခြားသော Virtual Drive တွေကို ဖန်တီးနိုင်တဲ့ software အများအပြား ရှိပါတယ်။ ဒါပေမယ့် UltraISO ဟာ Error နည်းပါတယ်။ နောက်တစ်ချက်ကတော့ သူ့ရဲ့ Feature တွေဟာ ရှင်းရှင်းလေးနဲ့ အလွန်လွယ်ကူပြီး အလွန်လည်း အသုံးဝင်တဲ့အတွက်ကြောင့် UltraISO ကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
UltraISO ကို အသုံးပြုရန်အတွက် သင့်ကွန်ပျူတာမှာ အရင်ဆုံး ၎င်း Software ကို Install ပြုလုပ်ထားရန် လိုအပ်ပါတယ်။ UltraISO ကို Install ပြုလုပ် ထည့်သွင်းပြီးသွားပြီဆိုရင် သူ့ရဲ့ အခြေခံ Feature လေးတွေကို အရင်ဆုံး ရှင်းပြပေးပါမယ်။
UltraISO ဟာ Virtual Drive များကို ဖန်တီးရာမှာ အသုံးပြုနိုင်တဲ့ Software ကောင်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ သူ့ကို Learning အခွေများ၊ Game အခွေများရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ Software အခွေ ထည့်ပေးထားရတဲ့ Problemကို ဖြေရှင်းပေးနိုင်ပါတယ်။
အချို့သော သင်ကြားရေးနှင့် ဂိမ်းအခွေများဟာ ၎င်း CD / DVD ကို ကွန်ပျူတာအတွင်းမှာ ထည့်သွင်းထားမှသာ အဆင်ပြေပြေ အလုပ်လုပ်ပါတယ်။ တကယ်လို့ အဲဒီ ဂိမ်းအခွေကို ကွန်ပျူတာကနေပြီး ထုတ်လိုက်တာနဲ့ ၎င်း Software ဟာ အလုပ်မလုပ်တော့ပါဘူး။
ဒါမျိုး ပြဿနာမျိုးကို UltraISO ကို အသုံးပြုပြီး ဖြေရှင်းပေးနိုင်ပါတယ်။ နောက်ထပ် အသုံးပြုပုံ တစ်ချက်ကတော့ Software ခွေများ၊ Data များကို ရိုးရိုးတန်းတန်း ကွန်ပျူတာအတွင်း မသိမ်းဆည်းပဲ UltraISO ကို အသုံးပြုပြီး Image ရိုက်ထားလို့ ရပါတယ်။
ဒီလိုမျိုး သိမ်းဆည်းတဲ့အတွက်ကြောင့် အခြား Computer Virus , Auto Ran များ အလွယ်တကူ မ၀င်ရောက်နိုင်တော့ပါဘူး။ Keygern များကို Antivirus Software များမှ Virus ဆိုပြီး သတ်မှတ်ပြီး Delete လုပ်လိုက်တဲ့ ပြဿနာမျိုးကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။