Uninstalling a Program

Written by S.N.O Published in 25 Aug 2014

ကွန်ပျူတာအတွင်း ထည့်သွင်းအသုံးပြုထားသော Sofware Program များအားလုံးကို control Panel မှ Add and Remove မှ ထပ်မံထည့်သွင်းခြင်း ၊ Uninstall ပြုလုပ်ခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

        ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Application များကို ကြည့်ရှုရန်နှင့် Uninstall ပြုလုပ်ရန်အတွက် Control Panel သို့ ၀င်ရောက်ရပါမယ်။ ပြီးနောက် Add and Remove ကို ရွေးချယ်ပေးရပါမယ်။

 

 

        ဒါဆိုရင် အောက်ကဖော်ပြပေးထားတဲ့ပုံအတိုင်း ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Software များအားလုံးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

 

Change or Remove Program ကတော့ ကွန်ပျူတာအတွင်းရှိ Software များကို Remove / Uninstall ပြုလုပ်ပေးသည့် Feature တစ်ခု ဖြစ်ပါတယ်။ သင်နှစ်သက်ရာ ဆော့ဖ်ဝဲများကို ၎င်း Option မှတဆင့် Uninstall ပြုလုပ်နိုင်ပါတယ်။

Add New Program ကတော့ ကွန်ပျူတာအတွင်း နောက်ထပ်ဆော့ဖ်ဝဲ အသစ်များ ထပ်မံထည့်သွင်းရန်အတွက် ဖြစ်ပါတယ်။

        အရေးကြီးတဲ့အချက်တစ်ချက်ကတော့ Add and Remove Windows Component ဖြစ်ပါတယ်။ ဒီ Options မှာကတော့ ကွန်ပျူတာ Windows တင်စဉ်က ပူးတွဲပါဝင်လာသော Windows Component Software များကို Uninstall ပြုလုပ်ရန်အတွက် ဖြစ်ပါတယ်။

        တကယ်လို့ မလိုအပ်ဘူးဆိုရင်တော့ ဒီ Function ကို အသုံးမပြုပါနဲ့။ တကယ်လို့ Software များကို မှားယွင်းပြီး Uninstall ပြုလုပ်လိုက်မိမယ်ဆိုရင် ၎င်း နဲ့ Link လုပ်ထားတဲ့ သက်ဆိုင်ရာ Software များ ကောင်းစွာ အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

        Control Panel အတွင်းရှိ Add and Remove Program အတွင်းသို့ RUN Box မှလည်း တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ အရင်ဆုံး Windows + R ကို နှိပ်ပြီး RUN ကို ခေါ်လိုက်ပါ။ ပြီးနောက် appwiz.cpl လို့ ရိုက်ထည့်လိုက်ပါ။

 

 

ဒါဆိုရင် Control Panel အတွင်းရှိ Add and Remove Program အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.