USB Drive များရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း

Written by S.N.O Published in 21 Aug 2014

Pen Drive လို့ခေါ်ကြတဲ့ USB Drive တွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုရာမှာ Data Transfer (Data များလွှဲပြောင်းပေးပို့ခြင်း) ပြုလုပ်ရာမှာ ပုံမှန်ထက် ပိုမို မြန်ဆန်အောင် ပြုလုပ်ဆောင်ရွက်ထားလို့ရပါတယ်။

USB Flash Drive တွေကို အသုံးပြုရာမှာ ကွန်ပျူတာအတွင်းရှိ အရွယ်အစားကြီးမားသော File များ၊ Flash Drive အတွင်းမှ File Size ကြီးသော Data များကို ကွန်ပျူတာနှင့် Flash Drive အကြား လှဲလှယ်ပေးပို့ အသုံးပြုလေ့ရှိကြပါတယ်။

ဒီလိုမျိုး File Transfer ပြုလုပ်ရာမှာ Gigabyte ပမာဏ အရွယ်အစားရှိ File များကို အလွယ်တကူ ပေးပို့နိုင်ရန်အတွက် ယခုဖော်ပြပေးမည့် Tips များအတိုင်း အဆင့်ဆင့်ပြုလုပ် ဆောင်ရွက်ထားနိုင်ပါတယ်။

1. File System Should be NTFS

Pen Drive များ ရဲ့ Data Tansfer နှုန်းကို ပိုမိုမြန်ဆန်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ Pen Drive Format အမျိုးအစားကို သာမန် FAT နဲ့ အသုံးပြုမည့်အစား NTFS နဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Pen Drive များဟာ ပုံမှန်အားဖြင့်တော့ FAT နဲ့ Format ရိုက်ထားတာများပါတယ်။ ဒါပေမယ့် သင့်ရဲ့ Pen Drive ဟာ FAT နဲ့ Format ရိုက်ထားပေမယ့် Data Transfer ဟာ နှေးကွေးနေမယ်ဆိုရင်တော့ NTFS နဲ့ Format ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။

 

2. Disk Errors

သင့်ရဲ့ Pen Drive အတွင်းမှာ Error များရှိနေမယ်ဆိုရင် သင့်ရဲ့ Drive ဟာ Data ပြောင်းလဲရယူရာမှာ နှေးကွေးနေမှာ အမှန်ပါပဲ။ ဒီလိုမျိုး Error တွေ မဖြစ်ပွားရန်အတွက် သင့်ရဲ့ Pen Drive ကို Error များ စစ်ပေးရပါမယ်။ Pen Drive ရဲ့ Right Click > Properties သို့ ၀င်လိုက်ပါ။

ပြီးနောက် Tools Tab ထဲမှတဆင့် Check Now ကို နှိပ်လိုက်ပါ။ Start to fix the error ကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Pendeive အတွင်းရှိသော Error များအားလုံးကို ကွန်ပျူတာမှအလိုအလျှောက် ပြန်လည်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒီလို Error Check ပြုလုပ်ပေးခြင်းအားဖြင့် Pen Drive ရဲ့ data Transfer speed ကို ပိုမို မြန်ဆန်စေနိုင်ပါတယ်။

 

3. Format

Pen Drive တစ်ခုကို ကြာရှည်စွာ အသုံးပြုခြင်းအားဖြင့် ၎င်းရဲ့ စွမ်းဆောင်ရည်ကို အထိုက်အလျှောက် ကျဆင်းလာစေပါတယ်။ ဒီလိုမျိုး Performance ကျဆင်းလာခြင်းများအတွက် အကောင်းဆုံးနည်းလမ်းကတော့ ၎င်း Pen Drive ကို Format ပြန်ရိုက်ပေးနိုင်ပါတယ်။ ဒီလိုမျိုး Pen Drive များကို သုံးလတစ်ခါလောက် Format ချပေးခြင်းအားဖြင့် ၎င်းရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ကာကွယ်နိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.