USB Flash Benchmar Software

Written by S.N.O Published in 13 Dec 2014


         USB Flash Benchmar Software  ကတော့ Portable အမျိုးအစား ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပါတယ်။ 

USB Drive များရဲ့ Speed ကို စစ်ဆေးပေးရုံသာမကပဲ Drive များအတွင်း Error များရှိ မရှိ ကိုပါ စစ်ဆေးပေးနိုင်တဲ့ ဆောဖ့်ဝဲ တစ်မျိုးဖြစ်ပါတယ်။

         USB Flash Drive များဟာ အမျိုးအစားများစွာ ကွဲပြားပါတယ်။ ဒီလို အမျိုးအစားများ အလိုက် တစ်မျိုးနှင့်တစ်မျိုး Data သယ်ယူကူးယူနိုင်သော Speed များဟာ မတူညီကြပါဘူး။ လောလောဆယ်မှာတော့ USB 3.0 ဟာ Data သယ်ယူမှု နှုန်း အမြန်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါဟာလည်း သင့်ကွန်ပျူတာ Motherboard က Support လုပ်မှ ဖြစ်ပါတယ်။

တကယ်လို့ Motherboard က USB 3.0 ကို Support မလုပ်နိုင်ဘူးဆိုရင် ထင်သလောက် Data Transfer Speed ကိုရရှိမှာ မဟုတ်ပါဘူး။ USB Drive များရဲ့ Speed ကို စစ်ဆေးချင်တယ်ဆိုရင်တော့ Large File များကို ကော်ပီကူးယူပြီး Data Transfer Speed ကို ကြည့်ရှုနိုင်ပါတယ်။

ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Hard Drive ရဲ့ Perforamance ပေါ်မှာ မူတည်နေတဲ့အတွက်ကြောင့် အမှန် မသိရှိနိုင်ပါဘူး။



 
    USB Flash Benchmar Software ကတော့ သင့်ရဲ့ USB Drive Perforamance ကို အတိအကျ သိရှိစေရန် ကူညီဆောင်ရွက်ပေးမည့် Software လေးဖြစ်ပါတယ်။ USB Drive ကိုတပ်ဆင်လိုက်ယုံဖြင့် သူ့ရဲ့ အမျိုးအစား၊ Storage ပမာဏ အပြင် Data Transfer Speed ကိုပါ အသေးစိတ်ပြသပေးနိုင်တာကိုတွေ့ရပါတယ်။

ထို့ပြင် တစ်စက္ကန့်အတွင်း Data များကို ဘယ်လောက်ပမာဏ အမြန်နှုန်းဖြင့် သယ်ဆောင်သိမ်းဆည်းနိုင်တယ်ဆိုတာကိုပါ Real Time ဖော်ပြပေးနိုင်ပါတယ်။

ဒါကြောင့် USB Drive များရဲ့ Data သယ်ယူမှုအပြင် သူနှင့်ပတ်သက်သော Serial, Model များကိုပါ အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ USB Flash Benchmar Software လေးဟာ သင့်အတွက် အကောင်းဆုံး ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.