USB Port များကို Registry မှ ပိတ်ထားခြင်း
ဒီသင်ခန်းစာကတော့ သင့်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ USB (Universal Serial Bus) များကို Registry မှ ပိတ်ထားနိုင်တဲ့ သင်ခန်းစာလေး ဖြစ်ပါတယ်။
ဒီလိုမျိုး USB Port များကို Registry မှ ပိတ်ထားတဲ့အတွက်ကြောင့်တော့ သင့်ကွန်ပျူတာရဲ့ USB Port များဟာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် ပြန်လည်ဖွင့်ပေးမှသာ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
USB Port များကို ပိတ်ထားခြင်းရဲ့ အားသာချက်ကတော့ အခြားသူတစ်ယောက်ယောက်မှ သင့်ကွန်ပျူတာအတွင်းရှိ Data များကို အလွယ်တကူ Copy မပြုလုပ်နိုင်ခြင်း ၊ Virus များအလွယ်တကူ USB Drive မှ မ၀င်ရောက်နိုင်ခြင်း စတဲ့အားသာချက်များစွာ ရှိပါတယ်။
ဒါကြောင့် ဒီလိုမျိုး USB Port တွေကို Server ကွန်ပျူတာများ အင်တာနက်ဆိုင်များမှာ Diable ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
အခု USB Port များကို ပိတ်ထားရန်အတွက် Registry Editor ထဲကို ၀င်ပါမယ်။ RUN မှ regedit ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။
ဒါဆိုရင် Registry Editor ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးနောက် HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\services\USBSTOR ထဲသို့ အဆင့်ဆင့် ၀င်ရောက်လိုက်ပါ။
ညာဖက်ရှိ Start ဆိုသည့်နေရာကို Double Click နှိပ်လိုက်ပါ။ Value data နေရာမှာ 4 လို့ ပြောင်းရိုက်လိုက်ပါ။ ပြီးနောက် OK နှိပ်လိုက်ပါ။
Registry Editor ထဲကနေ ထွက်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ကွန်ပျူတာရဲ့ USB Port များ Disable ဖြစ်သွားပြီ ဖြစ်ပါတယ်။
တကယ်လို့ Disable မဖြစ်သေးဘူးဆိုရင်တော့ သင့်ကွန်ပျူတာကို Restart ချပေးရန် လိုအပ်ပါတယ်။ ဒီလိုမျိုး USB Port Disable လုပ်ထားတာကို ပြန်ပြီး Enable လုပ်ချင်တယ်ဆိုရင်တော့ Value နေရာမှာ 3 ကို ပြောင်းလဲပေးလိုက်ပါ။ ဒါဆိုရင် USB Port များ ပြန်အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။