Verizon Fios မှ Upload Speed ကို မြှင့်တင်

Written by S.N.O Published in 30 Jul 2014

    Verizon Fios မှ ၎င်းရဲ့ Customer များအတွက် Symmetrical Connection လို့ခေါ်တဲ့ ချိတ်ဆက်မှု နည်းပညာအသစ်ကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်း ကြေညာပြောကြားခဲ့ပါတယ်။ Verizon Fios ရဲ့ ဒီဝန်ဆောင်မှု အသစ်ကြောင့် Customer များအနေဖြင့် အင်တာနက် အသုံးပြု၍ Upload ပြုလုပ်ခြင်းများကို လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်လာပါတယ်။

ယေဘူယျအားဖြင့် အင်တာနက်မှတဆင့် Upload ပြုလုပ်ရာမှာ သာမန် Download ပြုလုပ်ခြင်းထက် Connection ချိတ်ဆက်မှု နှေးကွေးတာကို တွေ့ရပါတယ်။

Verizon ကွန်ယက်ကို အသုံးပြုသူ များအနေနဲ့ကတော့ Download Speed နှင့်Upload Speed ကို တူညီစွာအသုံးပြုနိုင်တာကြောင့် Upload ပြုလုပ်ရာမှာ ယခင်ထက် ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။

    verizon ရဲ့ ပြောကြားချက်အရ ယနေ့ခေတ်မှာ အွန်လိုင်း အသုံးပြုမှုဟာ ပုံစံပြောင်းလဲလျှက်ရှိပြီး တစ်နေ့ထက်တစ်နေ့ အင်တာနက်အသုံးပြုသူများအနေဖြင့် Video များ ၊ ဓါတ်ပုံများ ၊ လုပ်ငန်း Project ဖိုင်များ နှင့် အခြားသော မီဒီယာဖိုင်အများအပြားကို အင်တာနက်ပေါ်သို့ လွှင့်တင်အသုံးပြုလျှက်ရှိလာပါတယ်။

 

 

ဒါကြောင့် ဒီလို လွှင့်တင်ရာမှာ အခက်အခဲမရှိ ပြုလုပ်ဆောင်ရွက်နိုင်စေရန်အတွက် Upload Speed ဟာ မြန်ဆန်ကောင်းမွန်နေဖို့လိုအပ်ပါတယ်။ Verizon ဟာ ဒီလို အခြေအနေ အရပ်ရပ်ကိုသုံးသပ်ပြီးနောက် ၎င်း ရဲ့ Customer များ Upload Speed ကောင်းမွန်စေရန် ဆောင်ရွက်ပေးခဲ့ပြီး Upload Speed ကိုလည်း 500 Mbps အထိ အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း ၎င်း ကုမ္ပဏီမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.