Video2Webcam

Written by S.N.O Published in 05 Aug 2014

Video2Webcam ဆောဖ့်ဝဲကတော့ Video Chat ပြုလုပ်နေရင်း ဗီဒီယို ရိုက်ကူးထားနိုင်သော Application ဖြစ်ပါတယ်။

ထို့အပြင် သင့်မိသားစု၊ သူငယ်ချင်းမိတ်ဆွေများဆီသို့ ၎င်းဆောဖ့်ဝဲမှတစ်ဆင့် ဗီဒီယိုဖိုင်များကို Share ပြုလုပ်ကာ မျှဝေပေးနိုင်ပါတယ်။ Video2Webcam ရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းနဲ့  ပြုလုပ်ထားပါတယ်။ ဒါကြောင့် သာမန် User များ အနေဖြင့် အလွယ်တကူ နားလည်လွယ်ပြီး အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

အင်တာနက် အသုံးပြုနေရင်း အခြားသူများဆီသို့ ဓါတ်ပုံများ၊ ဗီဒီယိုမျိုးကို ပေးပို့နိုင်သလို အခြားသူများ ပေးပို့ထားသော ဓါတ်ပုံနှင့် ဗီဒီယိုများကိုလည်း ပြန်လည် Download ပြုလုပ် ရယူနိုင်သော Feature များကို ထည့်သွင်းပေးထားပါတယ်။

 

Video2Webcam ရဲ့ နောက်ဆုံးထွက် Version ကတော့ Version 3.4.9.8 ဖြစ်ပါတယ်။ File Size အရွယ်အစားကတော့ 2.57 ဖြစ်ပြီး download.cnet.com မှတစ်ဆင့် အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။

ထည့်သွင်းအသုံးပြုနိုင်တဲ့ Operating System အနေနဲ့ကတော့ Windows XP , Windows Vista တို့အပြင် Windows Server 2003 မှာပါ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ Video2Webcam ဟာ Skype , MSN , Comfrog , ICQ , AIM , PalTalk , Yahoo Messenger အစရှိတဲ့ Chat Program များစွာနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

ဗီဒီယို File အမျိုးအစားများအနေဖြင့် AVI , ASD, FLV , MP 4 , MPEG , RAM , RM , RMVB , WMV တို့ကို အသုံးပြုနိုင်ပြီး ဓါတ်ပုံဖိုင် အမျိုးအစားအနေဖြင့် JPEG , GIF , BMP , PNG စတဲ့ ပုံများကို ပေးပို့ အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် အင်တာနက် အသုံးပြုရင်း ဓါတ်ပုံ၊ ဗီဒီယိုဖိုင်များကို အခြားသူများဆီသို့ အလွယ်တကူ ပေးပို့ချင်တယ်ဆိုရင်တော့ Video2Webcam ကို အသုံးပြုရင်း လွယ်ကူစွာ ပေးပို့နိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.