Virtual Drive အတွင်းသို့ ISO File များထည့်သွင်းခြင်း
Virtual Drive ဆိုတာကတော့ အတုအယောင် Drive ဖြစ်ပါတယ်။
ဥပမာ သင့်ကွန်ပျူတာမှာ Drive မတပ်ဆင်ထားပဲနဲ့ Drive အတု အနေဖြင့် ရယူရန် ဖြစ်ပါတယ်။ ဒီ Vritual Drive ဟာ ISO Format File များအပြင် NRG Nero File များကိုလည်း Open ပြုလုပ်ပေးနိုင်ပါတယ်။
ဒီအတွက် Virtual Drive ကို အသုံးပြုရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံတွင် Virtual Drive တစ်ခုကို မြင်တွေ့ရပါလိမ့်မယ် ။
Fig (1)
ဒီလိုမျိုး Virtual Drive တစ်ခုအတွင်းသို့ UltraISO နဲ့ Image ရိုက်ထားတဲ့ File ပဲဖြစ်ဖြစ် အခြားသော Software များနဲ့ Image ရိုက်ထားတဲ့ File တွေပဲဖြစ်ဖြစ် အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။
Image ရိုက်ထားတဲ့ File များကို ပုံတွင်ပြထားတဲ့အတိုင်း Virtual Drive ပေါ်မှာ Right Click နှိပ်ပြီး UltraISO မှ Mount ဆိုပြီး နှိပ်လိုက်ပါ။
Fig (2)
ပြီးနောက် ကွန်ပျူတာအတွင်းမှာရှိတဲ့ Image ရိုက်ထားတဲ့ File တစ်ခုခုကို ရွေးချယ်ပေးလိုက်ပါ။
Fig (3)
ဒါဆိုရင် Image ရိုက်ထားတဲ့ File ကို ယခုလို Virtual Drive အတွင်းမှာ မြင်တွေ့ရပါလိမ့်မယ်။
Fig (4)