Virtual Drive အသစ်တစ်ခု ထပ်မံဖန်တီးခြင်း
အခု နောက်ထပ် Virtual Drive အသစ်တစ်ခုကို ထပ်မံဖန်တီးပါမယ်။ Virtual Drive အသစ်တစ်ခုကို ထပ်မံ ဖန်တီးရန်အတွက် UltraISO ကို ဖွင့်လိုက်ပါ။ ပြီးနောက် Options Menu ထဲမှတစ်ဆင့် Configuration ကို ၀င်ရောက်လိုက်ပါ။
Fig (1)
ဒါဆိုရင် ယခုလိုမျိုး Configuration Box ကျလာပါလိမ့်မယ်။ အဲဒီမှာ Virtual Drive ဆိုသည့် Tag အတွင်းသို့ ထပ်မံ ၀င်ရောက်လိုက်ပါ။
Fig (2)
Virtual Drive ရဲ့ အောက်မှာ Number of devices နေရာမှာ 1 ဆိုပြီးဖြစ်နေတယ် ။ အဲဒီမှာ လိုချင်သလောက် Device အရေအတွက်ကို ထည့်သွင်းပေးလိုက်ပါ။ ဥပမာ သုံးခုလိုချင်ရင် သုံးကို ရွေးလိုက်ပါ။
Fig (3)
ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် My Comptuer ကို ဖွင့်ကြည့်တဲ့အခါမှာ Virtual Drive သုံးခု ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။