Virus , Worm နှင့် Trojan horse တို့၏ ကွာခြားချက်

Written by S.N.O Published in 02 Jun 2014

Virus

      Virus ဆိုသည်မှာ ပိုင်ရှင်ကို အသိပေးခြင်း (သို့) ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မရှိဘဲ ၎င်းတို့ Computer အတွင်းရှိ Data များအား ပျက်စီးဆုံးရှုံးစေသော Program များ ရေးသားထားသည့် Computer Program ဖြစ်ပါသည်။ ထို Virus အတွင်း malware, adware နှင့် spyware programs များကို အသုံးပြုထားပါသည်။

Virus Program များကို Code များဖြင့်ရေးသားထားပြီး Computer တစ်လုံးနှင့် တစ်လုံး Network ချိတ်ဆက်ခြင်း ၊ Internet အသုံးပြုခြင်း ၊ Data များအား Floppy disk, CD ,DVD , နှင့် USB drive များမှတဆင့် ကူးယူမှုများပြုလုပ်သည့် အခါမျိုးတွင် Virus ပြန့်ပွားနိုင်ပါသည်။ မိမိ၏ Computer အတွင်း Virus ၀င်ရောက်လာပါက တစ်ခါတစ်ရံ Data များအား ဖွင့်၍ မရဘဲ ဖြစ်နေတတ်ပါသည်။

 

Malware

      Malware ဆိုတာက Malicious နှင့် Software ကို ပေါင်းစည်းထားသည့် စကားစုဖြစ်ပါသည်။ Malicious ၏အစ စကားလုံး Mal နှင့် Software ၏အဆုံး စကားလုံး Ware ကို ပေါင်းစပ်ကာ Malware ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ Malware ဆိုတာက ပိုင်ရှင်၏သဘောတူခွင့်ပြုချက် မရှိဘဲ Computer System ကို ပျက်စီး ချို့ယွင်းစေသော Software အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။

 

Adware

      Adware ဆိုတာက Advertising-supported software ဆိုသည့် စကားလုံးမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး သူကတော့ Software package တစ်မျိုးပင် ဖြစ်ပါသည်။ ထို Adware အမျိုးအစား software ကို installed လုပ်ပြီးပါက မိမိ၏ Computer အတွင်းသို့ Advertisements ကြော်ငြာများကိုဖွင့်နိုင်ခြင်း ၊ download ဆွဲနိုင်ခြင်းများ အလိုအလျောက် လုပ်ဆောင်ပေးနိုင်သော Software ဖြစ်ပါသည်။ အချို့ Adware အမျိုးအစားများသည် Spyware များ ဖြစ်ကြပါသည်။

 

Spyware

      Spyware ဆိုတာက Computer Software အမျိုးအစားတစ်ခုဖြစ်ပြီး အဲဒီ Software အတွင်း ပိုင်ရှင်၏ သဘောတူခွင့်ပြုချက် မရှိဘဲ ထိုသူ၏ Personal Computer အတွင်း စုဆောင်းထားသော သတင်းအချက်အလက်များကို ခိုးကြောင်ခိုးဝှက်ဖြင့် ရယူသော Program တစ်ခုဖြစ်ပါသည်။

 

Worm

      Worm ဆိုတာက တဖြည်းဖြည်းနှင့် ၀င်ရောက်လာပြီး လျှို့ဝှက်ချက် Data များကို ရယူခြင်းဖြစ်ပါသည်။ ထို Worm အမျိုးအစားသည် Host file များကို အသုံးမပြုသော်လည်း system တစ်ခုမှ တစ်ခုသို့ replicate (ထပ်ဆင့်ပြန့်ပွားခြင်း) လုပ်ခြင်းဖြင့်ဝင်ရောက်နိုင်သော Programs များ ရေးသားထားပါသည်။ Word (သို့မဟုတ်) Excel ဖြင့်ရေးသားထားသော Files (သို့မဟုတ်) Documents များအတွင်း Worms များဝင်ရောက်နေပါက Computer တစ်လုံးမှ တစ်လုံးသို့ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ထို့ပြင် W32.Mydoom.AX@mm သည် Worm အမျိုးအစားပင် ဖြစ်သည်။

 

Trojan horse

      Trojan horse ဆိုတာကတော့ ကွန်ပျူတာအတွင်း တိတ်တဆိတ်ဝင်ရောက်လာပြီး ကွန်ပျူတာ အတွင်းရှိ သတင်းအချက်အလက်များအား အခြားကွန်ပျူတာအတွင်းသို့ ပြန်လည်ပေး ပို့ခြင်း Data များအား Copy ကူးယူကာ ခိုးယူခြင်း ၊ တို့အပြင် Client Computer ရဲ့ လုပ်ဆောင်ချက် အားလုံးကို စောင့်ကြပ်ကြည့်ရှုနေနိုင်တဲ့ Program တစ်ခုကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

Viruses များနှင့်ကွဲပြားချက်မှာ Trojan horse တို့၏ Program များအတွင်း သူတို့အချင်းချင်း replicate ပြန့်ပွားခြင်း မရှိပါ။ Trojan horse တွင် လိမ်လည် ထားသော Code နံပါတ်များ ပါဝင်ပြီး သူတစ်ပါး၏ Data များကို ခိုးယူခြင်းအပြင် Data များအား ပျောက်ပျက်သွားစေနိုင်ပါသည်။

Computer အတွင်း ထို Trojan horse ၏ Program များအား Attached files ပါသောစာများ ဖွင့်ခြင်းမှသော်လည်းကောင်း ၊ Internet မှ Files များကို ဖွင့်ခြင်း ၊ Download ပြုလုပ် ခြင်းမှတဆင့်သော်လည်းကောင်း ၀င်ရောက်လာနိုင်ပါသည်။ လူသိများသော Trojan.Vundo ဆိုသည် မှာလည်း Trojan horse အမျိုးအစားပင် ဖြစ်ပါသည်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.