Web App ဆိုတာ

Written by S.N.O Published in 24 Sep 2014

        Web Application ဆိုတာကတော့ Cloud စနစ်မှာ အသုံးပြုထားသော အင်တာနက်အခြေပြု Application များကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ လက်ရှိ Desktop Application များကဲ့သို့ အင်တာနက်ကွန်နက်ရှင်ရှိသော မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားသော အင်တာနက်အခြေပြု Application များကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

Web Application များရဲ့ အားသာချက်ကတော့ ကွန်ပျူတာအတွင်း Install ပြုလုပ်ထားရန် မလိုအပ်ပဲ သူ့ကို cloud မှတဆင့် အသုံးပြုနိုင်ပါတယ်။

 

 

ကျွန်တော်တို့ နေ့စဉ်အသုံးပြုလျက်ရှိသော Email Service , Google , Facebook စတဲ့ အရာတွေဟာ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ Web Applicaion များပင် ဖြစ်ကြပါတယ်။

        Online Email Service လုပ်ငန်းနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ကုမ္ပဏီတွေကတော့ Google, Yahoo! နဲ့ Microsoft Outlook တို့ ဖြစ်ကြပါတယ်။ ဒီလို Application တွေကို အသုံးပြုရန်အတွက် သင့်ကွန်ပျူတာအတွင်း ၎င်း mail Application များကို Install ပြုလုပ်ထားရန် မလိုပဲ အင်တာနက် Browser မှ တိုက်ရိုက်ခေါ်ယူ အသုံးပြုနိုင်ပါတယ်။

        နောက်ထပ် Web Application နဲ့ ပတ်သက်ပြီး နာမည်ကြီးတာကတော့ Google Docs လို့ခေါ်တဲ့ Google Document ဖြစ်ပါတယ်။ Google Document ဟာ Browser မှာ Office Suite Application များ ထည့်သွင်းထားသလို အသုံးပြုနိုင်တဲ့ Program ဖြစ်ပါတယ်။

        အထူးသဖြင့် Microsoft Office နဲ့ ဆင်တူပါတယ်။ ဒီတော့သင့်အနေဖြင့် Microsoft Office File များ Excel , Powerpoint File များ အားလုံးကို ဒီ Google Docs ကို အသုံးပြုကာ ပြုလုပ်ဖန်တီးနိုင်ပါတယ်။

        Facebook ကတော့ လူမှုကွန်ယက် ဝဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာလည်း Web Applicaion စာရင်းထဲမှာ အကျုံးဝင်ပါတယ်။ Facebook ဟာ Web Application နည်းပညာရပ်များ ဖြစ်သည့် Web based Game , Web Application , များအပြင် ပုဂ္ဂိုလ်ရေးရာအချက်အလက်များကိုပါ အချိန်နှင့် တစ်ပြေးညီ လွှင့်တင်ထားနိုင်လို့ ဖြစ်ပါတယ်။

        လက်ရှိ Web Application နည်းပညာရပ်များကို Website များအတွင်း ထည့်သွင်းအသုံးပြုမှု များပြားလာတဲ့အတွက်ကြောင့် Web Application နဲ့ ပုံမှန် Website တို့ကို ခွဲခြားရန်ပင် ခက်ခဲလာပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.