Web Application ရဲ့ လုပ်ဆောင်ချက်

Written by S.N.O Published in 25 Sep 2014

        သင်ဟာ Web Application တစ်ခုကို အသုံးပြုမယ်ဆိုပါစို့။ အမှန်တကယ်မှာတော့ ဒီ Process ကြီးတစ်ခုလုံးဟာ သင့်ကွန်ပျူတာမှ ဆောင်ရွက်ပေးနေခြင်းမဟုတ်ပဲ ကွန်ယက်အတွင်း ချိတ်ဆက်ထားသော ဆာဗာကွန်ပျူတာမှသာ ဒီ Process ကို လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။

ဒီတော့သင် Web Application ကို အသုံးပြုနေစဉ်အတွင်း Server မှ Processing Power ကို လှမ်းဆွဲ အသုံးပြုနေတာ ဖြစ်ပါတယ်။

Cloud စနစ်မှာ ပါဝင်သော ဆာဗာများဟာ ပုံမှန် Storage Server များအပြင် Applicaion Server များအနေနဲ့ပါ လုပ်ဆောင်ပေးတာကို တွေ့ပါတယ်။

        Cloud စနစ်မှာ အသုံးပြုထားသော Server များရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေး ကောင်းမွန်ပါတယ်။ အင်တာနက်ချိတ်ဆက်မှု အားကောင်းမယ်ဆိုရင်တော့ Cloud ပေါ်ရှိ Web Application များစွာကို သင့်ကွန်ပျူတာအတွင်း Install ပြုလုပ်ထားသော Software များကဲ့သို့ပင် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ အောက်တွင် Google Docs ကို အသုံးပြုထားပုံကို တွေ့ရပါလိမ့်မယ်။

 

 

        Google Docs ဟာ Microsoft Word ကဲ့သို့ အသုံးပြုနိုင်သော Web Application တစ်ခု ဖြစ်ပါတယ်။ Google Docs ကို ဖွင့်လိုက်တာနဲ့ MS Word ကြီးကို ဖွင့်လိုက်သကဲ့သို့ သင့်အနေဖြင့် ခံစားရစေမှာ ဖြစ်ပါတယ်။ Google Docs ရဲ့ အပေါ်ဖက်မှာ Menu Bar များစွာကို တွေ့ရပြီး သူ့အောက်မှာတော့ စာစီစာရိုက်လုပ်ငန်းစဉ်အတွက် အသုံးဝင်တဲ့ Tools Bar များကို ထည့်သွင်းပေးထားပါတယ်။

        ထို့ပြင် Font , Font Size , Bold , Italic , Underline တို့အပြင် စာစီစာရိုက်လုပ်ငန်းစဉ်အတွက် Alignment များကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒီလို Google Docs ကို အသုံးပြုပြီး ပြုလုပ်ဖန်တီးထားသော ဖိုင်များကို Cloud ပေါ်တွင် တိုက်ရိုက် သိမ်းဆည်းပေးထားနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.