Web Browser ရဲ့ Home Page ကို စိတ်ကြိုက်ပြောင်းလဲခြင်း

Written by S.N.O Published in 13 Aug 2014

        လက်ရှိ သင်အသုံးပြုနေတဲ့ Web Browser ရဲ့ Home Page ကို သင်နှစ်သက်ရာ ၀ဘ်ဆိုက်လိပ်စာကို ထည့်သွင်းသတ်မှတ်ထားလို့ ရပါတယ်။ အဲဒီလို ပြုလုပ်ထားမယ်ဆိုရင် ၎င်း ၀ဘ် Browser ကို ဖွင့်လိုက်တာနဲ့ သင်ထည့်သွင်းသတ်မှတ်ထားတဲ့ Home Page ကျလာတာကို တွေ့မြင်ရပါလိမ့်မယ်။

        ဥပမာ သင်ဟာ http://www.google.com ကို အမြဲတမ်း အရင်ဦးဆုံး အသုံးပြုလေ့ရှိတယ်ဆိုရင် သင်ဟာ Browser ကို ဖွင့်လိုက်တာနဲ့ Google စာမျက်နှာကို တန်းပြီး ပွင့်နေအောင် ပြုလုပ်ထားလို့ရပါတယ်။

 

 

        အခု Home Page ကို ထည့်သွင်းရာမှာ အရင်ဦးဆုံး Internet Explorer ကို ဥပမာပေးပြီး ရှင်းပြပါမယ်။ Internet Explorer 9 ရဲ့ Home Page ကို ပြင်ဆင်ရန်အတွက် Tools Menu ထဲမှတဆင့် Internet Options ကို ရွေးချယ်ပေးလိုက်ပါ။

ပြီးနောက် General Tab ကို သွားပါ ။ To Create home page tabs ဆိုတဲ့နေရာ ရဲ့အောက်က အကွက်လေးအတွင်းမှာ သင်အသုံးပြုလိုတဲ့ Homepage စာမျက်နှာကို ထည့်သွင်းထားလိုက်ပါ။ ပြီးနောက် Apply > OK ကို နှိပ်လိုက်ပါ။

ဒါဆိုရင် Internet Explorer ကို စတင် ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သင်ထည့်သွင်းထားတဲ့ Home Page စာမျက်နှာ ပွင့်လာတာကို တွေ့ရပါလိမ့်မယ်။

Google Chrome ရဲ့ Home Page ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ Customize Button ကို နှိပ်လိုက်ပါ။ ပြီးနောက် Settings ထဲသို့ ၀င်လိုက်ပါ။ Appearance ထဲမှ Show Home Button ဘေးမှာ အမှန်ခြစ်လေး ထည့်သွင်းပေးလိုက်ပါ။ ပြီးနောက် သင် Home page အနေဖြင့် သတ်မှတ်ချင်သော Website လိပ်စာကို ထည့်သွင်းလိုက်ပါ။

 

 

        Mozilla Firefox မှာ Home Page ပြောင်းလဲသတ်မှတ်ချင်တယ်ဆိုရင်တော့ Tools > Options ကို ရွေးချယ်လိုက်ပါ။ ပြီးနောက် General Tab ထဲသို့ ၀င်လိုက်ပါ။ Home Page ဆိုတဲ့ အကွက်လေးအတွင်းမှာ သင် Home Page အနေဖြင့် အသုံးပြုလိုတဲ့ Website Address ကို ထည့်သွင်းလိုက်ပါ။ ပြီးနောက် OK ကို နှိပ်ပါ။

 

 

        ဒါဆိုရင်တော့ သင်ထည့်သွင်းထားတဲ့ Home Page စာမျက်နှာအတိုင်း Web Browser ဟာ Open လုပ်ပေးမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.