Web Browser ရှိ Setting များကို Default အနေဖြင့် ပြောင်းလဲခြင်း

Written by S.N.O Published in 21 Aug 2014

       ယခုဖော်ပြမည့် နည်းလေးကတော့ သင့်ကွန်ပျူတာမှာ လက်ရှိ အသုံးပြုလျှက်ရှိတဲ့ Web Browser ရဲ့ Setting များကို ပုံမှန် Default အနေဖြင့် ပြန်လည်ထားရှိပုံ ဖြစ်ပါတယ်။ လက်ရှိ အသုံးအများဆုံး Browser များအနေဖြင့် Internet Explorer , Chrome တို့တွင် Default အနေဖြင့် Setting ပြောင်းလဲသတ်မှတ်ပုံကို ဖော်ပြပေးပါမယ်။

Internet Explorer ရဲ့ Default Setting ပြောင်းလဲရန်အတွက် Browser ကိုဖွင့်ထားလိုက်ပါ။ ပြီးနောက် ညာဖက်အပေါ်ပိုင်းရှိ Menu Icon လေးကို နှိပ်လိုက်ပါ။ ထိုမှတဆင့် Drop Down Menu > Internet Options ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

 

ပြီးနောက် Advanced tab ကိုရွေးချယ်ပေးပါ။ Reset Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Internet Explorer Setting ဟာ ပုံမှန် Default အနေဖြင့် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

 

Chrome မှာဆိုရင်လည်း IE နဲ့ ဆင်တူပါတယ်။ Chrome Menu Icon ကိုနှိပ်လိုက်ပါ။ ပြီးနောက် Setting Options > Show Advanced Setting ကို ရွေးချယ်ပေးလိုက်ပါ။

 

ထိုမှတဆင့် Reset Browser Setting ကိုရွေးချယ်ကာ Default Setting အနေဖြင့် ပြောင်းလဲနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.