Web Page များကို Shortcut လုပ်ထားခြင်း
သင့်အနေဖြင့် နေ့စဉ်အသုံးပြုလျှက်ရှိတဲ့ အင်တာနက် Web page များကို Desktop ပေါ်မှာ Shortcut ပြုလုပ်ထားလို့ ရပါတယ်။ ဒီလိုမျိုး Shortcut ပြုလုပ်ထားခြင်းအားဖြင့် Web Browser ကို ခေါ်ယူပြီး Website လိပ်စာကို ရိုက်နေစရာ မလိုတော့ပါဘူး။ သင် Shortcut ပြုလုပ်ထားတဲ့ Icon လေးကို နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း သင် သတ်မှတ်ထည့်သွင်းထားတဲ့ Website ကျလာတာကို တွေ့ရပါလိမ့်မယ်။
Web Page များကို Shortcut ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာရဲ့ Desktop ပေါ်မှာ Right-Click နှိပ်လိုက်ပါ။ ပြီးနောက် New > Shortcut ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက် Type the location of the item: ဆိုတဲ့နေရာရဲ့ အောက်လေးမှာ သင်နေ့စဉ်အသုံးပြုလိုတဲ့ Web Site Address လိပ်စာကို ထည့်သွင်းလိုက်ပါ။ ဥပမာအားဖြင့် http://www.google.com ဆိုပြီး ရိုက်ထည့်လိုက်ပါမယ်။
ပြီးနောက် Next ကို နှိပ်လိုက်ပါ။
New Internet Shortcut ပြုလုပ်မှာလားဆိုတာကို မေးပါလိမ့်မယ်။ Finish ကိုသာ နှိပ်လိုက်ပါ။ ယခုဆိုလျှင် ကွန်ပျူတာရဲ့ Desktop ပေါ်မှာ New Internet Shortcut ဆိုတဲ့ Icon လေးတစ်ခု တိုးလာတာကို တွေ့ရပြီ ဖြစ်ပါတယ်။
၎င်း Icon လေးကို နှိပ်လိုက်တာနှင့် သင်အသုံးပြုနေကျ Browser နှင့်အတူ ထည့်သွင်းထားတဲ့ Shortcut လိပ်စာအတိုင်း Browser မှာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း အခြား အင်တာနက် လိပ်စာများကိုလည်း Shortcut ပြုလုပ်ထားနိုင်ပါတယ်။