Website ရဲ့ ကောင်းကျိုး ဆယ်ချက်

Written by S.N.O Published in 10 May 2014

1) စားသုံးသူ/Customer အရေအတွက် ပိုမိုရရှိလာနိုင်ခြင်း

                      ယနေ့ခေတ်မှာ လူပေါင်းများစွာဟာ အင်တာနက်မှတဆင့် ၎င်းတို့ လိုအပ်သောစီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှာဖွေ အသုံးပြုလာကြပါပြီ။

အင်တာနက်ကို အသုံးပြုခြင်းအားဖြင့် အခြား စီးပွားရေးနယ်ပယ်များအကြောင်းကို ချဲ့ထွင်လေ့လာနိုင်သလို မိမိတို့သိရှိလိုသော အကြောင်းအရာများကိုလည်း အချိန်ပိုင်းအတွင်း လေ့လာနိုင်ပါတယ်။

ယခုဆိုလျှင် ဥရောပ နိုင်ငံများတွင် အင်တာနက်ကိုအသုံးပြုပြီး Mouse ကို Click တစ်ချက်နှိပ်ရုံမျှဖြင့် စားသုံးသူ/Customer များ၏ လိုအပ်ချက်များ ၊ ရှင်းလင်းဖော်ပြချက်များ သတင်းအချက်အလက်များ စတာတွေကို ၀ဘ်ဆိုက် မှတဆင့် အလွယ်တကူ ရယူနိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် ကိုယ်ပိုင် ၀ဘ်ဆိုက်ရှိခြင်း အားဖြင့် စားသုံးသူ/Customer အရေအတွက်ကို အမြန်ဆုံး တိုးပွားလာစေပါတယ်။

2) ထုတ်ကုန်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အသေးစိတ် တင်ပြနိုင်ခြင်း

                      များသောအားဖြင့် စားသုံးသူ/Customer များဟာ ၎င်းတို့အလိုရှိသော ထုတ်ကုန်ပစ္စည်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက် အလက်များကို မဝယ်ယူမှီ သိရှိလိုကြပါတယ်။

ဥပမာ ကုန်ပစ္စည်းတစ်ခုကို မဝယ်ယူခင် ၎င်းကုန်ပစ္စည်း၏ အရည်အသွေး ၊ ဈေးနှုန်း ၊ ထုတ်လုပ်သည့်ကုမ္ပဏီအမည် ၊ အသုံးပြုပုံ အဆင့်ဆင့် စတာတွေကို သိရှိလိုကြပါတယ်။

ဒါကြောင့် ကိုယ်ပိုင် ဝဘ်ဆိုက်ရှိတဲ့ ကုမ္ပဏီတစ်ခု အနေဖြင့် ထုတ်ကုန်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များကို  ဝဘ်ဆိုက်ပေါ်တွင် အသေးစိတ် ရှင်းလင်းဖော်ပြ ထား နိုင်ပါတယ်။

ဝဘ်ဆိုက်ဟာ သင့်ရဲ့ စားသုံးသူ/Customer နှင့် သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုမိုရင်းနှီးစေအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ Customer များ အနေဖြင့်လည်း ဝဘ်ဆိုက်ပေါ်မှတဆင့်  မိမိတို့ ရင်းနှီးပြီးသား ထုတ်ကုန်တစ်ခု ကို ဈေးကွက်ထဲတွင် ပိုမိုဝယ်ယူလာနိုင် ပါတယ်။

3) စားသုံးသူ/Customer များရဲ့ ယုံကြည်မှုကို ပိုမို ရယူနိုင်ခြင်း

                      စားသုံးသူများကို ဆွဲဆောင်တဲ့ အခါမှာ ဝဘ်ဆိုက်ရဲ့ အပြင်အဆင်ဒီဇိုင်းဟာလည်း အလွန်အရေးကြီးပါတယ်။

မြန်မာအယူအဆ အရဆိုလျှင် First Imapression ကို ဆိုလိုတာ ဖြစ်ပါတယ်။ စားသုံးသူတစ်ယောက်ဟာ သူအသုံးပြုနေကျ ကုန်ပစ္စည်းတစ်ခုရဲ့ ဝဘ်ဆိုက်ကို ၀င်ကြည့်မယ် ၊ ပြီးနောက် ၎င်းဝဘ်ဆိုက်မှာ ပါဝင်တဲ့ အချက်အလက်များကို ဖတ်မယ်၊ စသဖြင့် လုပ်ဆောင် လာနိုင်ပါတယ်။

ဒီတော့ စားသုံးသူ/Customer များနှင့် အမြဲတမ်းထိတွေ့နေရမည့် ဝဘ်ဆိုက်တစ်ခုရဲ့ ဒီဇိုင်းဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။

သန့်ရှင်းသပ်ရပ်ပြီး စွဲဆောင်မှုရှိတဲ့ ဝဘ်ဆိုက်တစ်ခုဟာ စားသုံးသူ/Customer များရဲ့ ယုံကြည်မှုကို ရရှိလာနိုင်သလို မိမိကုန်ပစ္စည်းနှင့်ပတ်သက်ပြီး အသေးစိတ် ဖော်ပြချက်များကိုလည်း ဝဘ်ဆိုက်မှ တဆင့်စားသုံးသူများအား သိရှိစေ နိုင်ပါတယ်။

4) ဈေးနှုန်းသက်သာသော Marketing စနစ်

                      ဒီအချက်ဟာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလွန်စဉ်းစားရမည့် အချက်တစ်ချက် ဖြစ်ပါတယ်။ ကိုယ်ပိုင်ဝဘ်ဆိုက်ရှိခြင်းအားဖြင့် သင်ဟာ 24 နာရီပတ်လုံး ကုန်ပစ္စည်းတစ်ခုကို Web ပေါ်တွင် ကြော်ငြာထားနိုင်ပါတယ်။

ဝဘ်ဆိုက်တစ်ခုဟာ ကုန်ကျစရိတ်အနည်းဆုံးနှင့် အထိရောက်ဆုံး မားကက်တင်း စနစ်တစ်ခုဖြစ်ပြီး သင့်ကုန်ပစ္စည်းနှင့်ပတ်သက်သော Information များကို 24 နာရီပတ်လုံး ကြော်ငြာထားသကဲ့သို့ အလွန်ထိရောက်မှု ရှိပါတယ်။

အခြားသော တယ်လီဗွီးရှင်း ၊ ဂျာနယ် ၊ စတဲ့ မီဒီယာတွေမှာလည်း ကြော်ငြာနိုင်ပေမယ့်လည်း ၎င်းဟာ အချိန်အတိုင်းအတာ တစ်ခုမျှသာ ဖြစ်ပါတယ်။ ဝဘ်ဆိုက်ကတော့ အချိန်အကန့် အသတ်မရှိကြော်ငြာထားနိုင်သော စနစ်တစ်ခုဖြစ်ပြီး information မြောက်များစွာကိုလည်း အချိန်တိုင်း ပေးနိုင်ပါတယ်။

5) ၂၄နာရီပတ်လုံး သတင်းအချက်အလက် မျှဝေနိုင်ခြင်း

                      စားသုံးသူ/Customer တစ်ယောက်ဟာ သူအလိုရှိတဲ့ မည်သည့်အချိန်တွင်မဆို ဝဘ်ဆိုက်မှတဆင့် ကုန်ပစ္စည်းများကို လေ့လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သတင်းအချက်အလက်များကို တိတိကျကျ ပေးနိုင်တာဟာ ဝဘ်ဆိုက်တစ်ခုတည်းသာ ရှိပါတယ်။

ဒါကြောင့် ဝဘ်ဆိုက်တစ်ခုရှိခြင်းအားဖြင့် စားသုံးသူ/Customer များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာလည်း ရောက်ပါတယ်။

6) သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ခြင်း

                      ဝဘ်ဆိုက်တစ်ခုမှ တဆင့် ကုန်ပစ္စည်းနှင့်ပတ်သက်သော အချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြနိုင်ပါတယ်။

ဥပမာ သင့်အနေဖြင့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့်ပက်သက်သော အချက်အလက်များ ၊ သတင်းများ ၊ ဈေးနှုန်းများ ၊ ဆားဗစ်များ ၊ ကို အချိန်နှင့်တပြေးညီ စားသုံးသူ/Customer များဆီသို့ ပေးပို့နိုင်ပါတယ်။

7) စားသုံးသူ/Customer များနှင့် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာနိုင်ခြင်း

                      ဝဘ်ဆိုက်တစ်ခုမှ တဆင့် သင့်ရဲ့ စားသုံးသူ/Customer များနှင့် ကုန်ပစ္စည်းများကို ပိုမိုရင်းနှီးကျွမ်းဝင်စေနိုင်သလို ၊ ကုမ္ပဏီနှင့်စားသုံးသူများအကြား အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်တာကြောင့် စားသုံးသူ/Customer များနှင့် ပိုမိုရင်းနှီးလာနိုင်ပါတယ်။

များသောအားဖြင့် စားသုံးသူ/Customer များဟာ ၎င်းတို့အသုံးပြုသော ကုန်ပစ္စည်းနှင့်သက်ဆိုင်သော ကုမ္ပဏီနှင့် ဆက်သွယ်ပြောဆိုခြင်း ၊ ဝေဖန်အကြံပြုခြင်း ၊ စတာတွေကို ပြုလုပ်ရတာကို နှစ်သက်ကြပါတယ်။

ဥပမာ ၎င်းတို့မရှင်းလင်းသောအချက်အလက်များကို အွန်လိုင်းမှတဆင့် မေးမြန်းခြင်း ၊ E mail ပို့ကာ ပြောဆိုခြင်း စတာတွေကို လုပ်ဆောင်လာနိုင်ပါတယ်။

ထို့အပြင် မက်ဆေ့ခ်ျပို့ခြင်း ၊ ဘလော့တင်ခြင်း ၊ စတဲ့ အွန်လိုင်းအခြေပြု မိတ်ဆက်ခြင်းများ ၊ အသိပညာမျှဝေပေးခြင်းများကိုပါ တစ်ပါတည်း လုပ်ဆောင်လာနိုင်ပါတယ်။

8) ပြိုင်ဘက်စီးပွားရေးကုမ္ပဏီများထက် သာလွန်ခြင်း

                      ယနေ့ခေတ် အင်တာနက်အခြေပြု စီးပွားရေး စနစ် ပေါ်ထွန်းလာတာနှင့်အမျှ ဝဘ်ဆိုက်များရဲ့ အကျိုးကျေးဇူးနှင့် လုပ်ဆောင်နိုင်စွမ်းဟာလည်း အတော်လေး မြင့်မားလာခဲ့ပါတယ်။

ဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကိုယ်ပိုင်ဝဘ်ဆိုက်တစ်ခု ရှိခြင်းအားဖြင့် ပြိုင်ဘက်ကုမ္ပဏီများထက် များစွာ အကျိုးဖြစ်ထွန်းစေပြီး ဈေးကွက်ကိုလည်း ပိုမိုကျယ်ပျံ့လာစေပါတယ်။

ဝဘ်ဆိုက်တစ်ခုရှိခြင်းအားဖြင့် လုပ်ငန်းကိုပိုမို ချဲ့ထွင်လာနိုင်သလို ၊ စားသုံးသူ/Customer များရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရရှိစေမှာ အမှန်ဖြစ်ပါတယ်။ ဝဘ်ဆိုက်ဟု ဆိုရာတွင်လည်း သာမန်ဒီဇီုင်းဖြင့် ပြုလုပ်ဖန်တီးထားသော ဝဘ်ဆိုက် တစ်ခုအစား ဆွဲဆောင်မှုရှိပြီး အထင်ကြီးလေးစားစရာကောင်းတဲ့ ဒီဇိုင်းမျိုးနှင့် ပြုလုပ်ဖန်တီးထားတဲ့ ဝဘ်ဆိုက်တစ်ခုကို ပိုမိုပိုင်ဆိုင်ထားသင့်ပါတယ်။

9) စားသုံးသူများကို အထောက်အပံ့ပြုနိုင်ခြင်း

                      လုပ်ငန်းတစ်ခုအနေဖြင့် Customer Services အနေဖြင့် ၂၄ နာရီပတ်လုံး ဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဟာ မလွယ်ကူတဲ့  စနစ်တစ်ရပ် ဖြစ်ပါတယ်။ ဒီလိုမျိုး Customer Service မျိုးကိုတော့ ဝဘ်ဆိုက်တစ်ခုကသာ ပေးစွမ်းနိုင်ပါတယ်။

ဥပမာ စားသုံးသူ/Customer များမှ သိရှိလိုသည်များကို မေးမြန်းခြင်း ၊ ဝေဖန်အကြံပြုခြင်း စတာတွေကို ပြန်လည် ဖြေကြားဆောင်ရွက်ရာမှာ ဝဘ်ဆိုက်သာလျှင် အဆင်ပြေပြေနှင့် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက်ကတော့ မိမိတို့ထုတ်ကုန်ပစ္စည်းနှင့်ပတ်သက်သော အသုံးပြုနည်းများ ၊ သင်ခန်းစာများ ကို ဝဘ်ဆိုက်တွင် Video File များအနေဖြင့် တင်ထားခြင်းအားဖြင့် ကုန်ပစ္စည်းဈေးကွက်ကို ပိုမိုချဲ့ထွင်လာနိုင်ပါတယ်။

10) Customer များနှင့် ရင်းနှီးမှု ရရှိစေခြင်း

                      ဝဘ်ဆိုက်တစ်ခုဟာ စားသုံးသူ/Customer များနှင့် လုပ်ငန်းကို ပိုမိုရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ပေးနိုင်ပါတယ်။

စားသုံးသူ/Customer နှင့် ကုန်ပစ္စည်းအကြား သတင်းအချက်အလက်များ ပေးပို့နိုင်ခြင်း ၊ စားသုံးသူအား အထောက်အပံ့များ အကြံဥာဏ်များ ပေးနိုင်ခြင်း ၊ နောက်ဆုံးရ သတင်းအချက်အလက်များ ၊ နောက်ဆုံး ထုတ်ကုန်များကို အချိန်နှင့်တပြေးညီ ပေးပို့နိုင်ခြင်း ၊ စတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဝဘ်ဆိုက်တစ်ခုဟာ လုပ်ငန်းတစ်ခုအတွက် အားထားစရာ တစ်ခု ဖြစ်လာပါတယ်။

လုပ်ငန်းတစ်ခုအတွက် စွမ်းဆောင်ရည် (Performance) ၊ မြန်နှုန်းမြင့် သတင်းအချက်အလက်များ( Speedy information) , ကုန်ပစ္စည်းနှင့်သက်ဆိုင်သော အညွန်းများ (Product Guideline) များ၊ စတဲ့ လုပ်ဆောင်ချက်များစွာကို ဝဘ်ဆိုက်တစ်ခုမှ လုပ်ဆောင်ပေးနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.