Western Digital မှ 6 TB WD Red NAS Hard Drive များ ထုတ်လုပ်

Written by S.N.O Published in 22 Jul 2014

            Western Digital ကုမ္ပဏီမှ သိုလှောင်သိမ်းဆည်းနိုင်သည့် ပမာဏ 6 TB အထိ ရရှိနိုင်သော Red NAS Hard Drive အသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ကြေညာပြောကြားခဲ့ပါတယ်။ Western Digital ဟာ Hard Drive များကို 5 TB , 6 TB အသီးသီးခွဲခြားထုတ်လုပ်ခဲ့ပြီး ၎င်း Hard Drive များဟာ အိမ်သုံး NAS Server များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

Western Digital အနေဖြင့် ယခုကဲ့သို့သိုလှောင် သိမ်းဆည်း နိုင်မှု ပမာဏ မြင့်မားသည့် Hard Drive များကို ထုတ်လုပ်ခြင်းဟာ ကုမ္ပဏီအတွက် အရေးကြီးသော Major Upgrade တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

           Western Digital  ရဲ့ Hard Drive အသစ်ဟာ အိမ်သုံး Internal HD အနေဖြင့် အသုံးပြုနိုင်သလို လုပ်ငန်းသုံးအနေဖြင့် NAS Server များနှင့် ချိတ်ဆက်ကာ အသုံးပြုရန်အတွက်လည်း အဆင်ပြေတာကို တွေ့ရပါတယ်။ ယခု Hard Drive အသစ်ဟာ Version နှစ်မျိုးခွဲ၍ ထုတ်လုပ်ခဲ့သလို ယခင်ကလည်း 2 TB , 3 TB , 4 TB , အစရှိတဲ့ Hard Drive Storage များကိုလည်း ထုတ်လုပ်ခဲ့ကြောင်း ထပ်မံအသိပေး ပြောကြားသွားပါတယ်။ ယခု အသစ်ထုတ်လုပ်လိုက်တဲ့ Hard Drive များဟာဆိုရင် NAS- Optimized Firmware ကို ထည့်သွင်းထားပြီး ၎င်းဟာ NASware 3.0 နည်းပညာကို အခြေခံထားပါတယ်။ NASware 3.0 ဆိုတာကတော့ RAID နည်းပညာကို ထောက်ပံပေးနိုင်သော ပညာရပ် တစ်ရပ် ဖြစ်ကြောင်း၊ Hard Drive အတွင်း Data များ ပျောက်ဆုံးပျက်ဆီးမှုကို ကာကွယ်ပေးနိုင်သော နည်းပညာရပ်များကိုလည်း ထည့်သွင်းပေးထားကြောင်း Western Digital မှ ပြောကြားခဲ့ပါတယ်။

Western Digital ရဲ့ Hard Drive အသစ်များဟာ SATA 3 (6Gbps) အမြန်နှုန်းရှိပြီး Cache Memory အနေဖြင့် 64 MB ပါဝင်တာကို တွေ့ရပါတယ်။ ထို့ပြင် Hard Drive အတွင်းရှိ Spins ဟာ 7200 rpm ရှိတာကြောင့် Data Transfer Rate အလွန်မြန်ဆန်သော Hard Drive ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

နောက်ထပ် နည်းပညာအသစ်တစ်ရပ်ကတော့ ၎င်း Hard Drive များ အားလုံးဟာ Vibriation ဒါဏ်ကို ခံနိုင်တာကြောင့် Hard Drive အလွယ်တကူ ပျက်ဆီးမှုမှ ကာကွယ်နိုင်ကြောင်း သိရပါတယ်။
 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.