Windows တွင် Start Menu ပြန်လည် ပါဝင်မှုကို Microsoft မှ အလေးထားဆောင်ရွက်
Microsoft ကုမ္ပဏီအနေဖြင့် ၎င်းရဲ့ Windows အတွင်း Start Menu ကို ပြန်လည်ထည့်သွင်းရန် စဉ်းစားလျှက်ရှိပြီး နောင်ထွက်ပေါ်လာမည့် Windows 9 တွင် Start Menu ပြန်လည်ပါဝင်လာနိုင်ကြောင်း သတင်းဌာနများမှ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ Microsoft ရဲ့ Windows 8 တွင် Start Menu ပုံစံကို ပြင်ဆင်ပြောင်းလဲလိုက်ခြင်းကြောင့် User များအနေဖြင့် မနှစ်သက်ကြပဲ ယခင် Windows 7 , Windows XP တို့တွင် ပါဝင်ထည့်သွင်းထားသော Start Menu မှာ ပိုမိုကောင်းမွန်ကြောင်း ၊ Program များကို ကြည့်ရှုရှာဖွေရာမှာလည်း လွယ်ကူမြင်သာကြောင်း ၊ ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Software Program အားလုံးကို စုစုစည်းစည်းဖြင့် မြင်ရသောကြောင့် အလွန်နှစ်သက်ကြောင်း သတင်းဌာနများမှ တဆင့် ရေးသားပြောဆိုကြပါတယ်။
Windows 9 ရဲ့ Start Menu ပုံစံ
Microsoft ဟာ Windows 8 ရဲ့ Start Menu ပုံစံကိုပြောင်းလဲလိုက်ခြင်းအားဖြင့် ယခုကဲ့သို့ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီးနောက် နောင်ပိုင်းတွင် ယခင် Start Menu ပုံစံဖြင့်သာ Windows ကို ဖန်တီးပြုလုပ်မှာ ဖြစ်ကြောင်း သတင်းဌာနများမှ တဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။
Microsoft အနေဖြင့် Start Screen ကို လုံးဝပုံစံပြောင်းလဲလိုက်ခြင်းဟာ ယခင်ပုံစံကိုမနှစ်သက်လို့မဟုတ်ပဲ Feature အသစ်များကိုပုံစံအသစ်အနေဖြင့် မိတ်ဆက်ပေး လို၍သာဖြစ်ပါတယ်။
ဥပမာအားဖြင့် Live Tiles ကဲ့သို့သော Feature များကို Windows 8 မှာ ထည့်သွင်းလိုက်ခြင်းဟာ User များ ပိုမိုနှစ်သက်စေမည့် Feature အသစ်တစ်ခုဖြစ်ကြောင်း ၊ ထို့ပြင် နောက်ဆုံးရောက် E mail များ သတင်းများ နှင့် အခြားသော Update များကို Start တွင် မြင်သာစေရန် ပြုလုပ်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
ဒါပေမယ့် Windows 8 ရဲ့ Start ပုံစံဟာ Program အများအပြားကို ကွန်ပျူတာအတွင်း Install ပြုလုပ် ထည့်သွင်းလိုက်ခြင်းအားဖြင့် Start Screen အရွယ်အစား ပမာဏဟာ အလွန်ကြီးမားလာတာကြောင့် User များအနေဖြင့် မနှစ်သက်ကြခြင်းဖြစ်ကြောင်း Microsoft မှ သုံးသပ်ပြောဆိုခဲ့ပါတယ်။ ထို့ပြင် User များအား နောင်ထွက်ပေါ်လာမည့် Windows 9 ရဲ့ Start Screen ပုံစံအသစ်ပုံစံကိုလည်း သတင်းဌာနများသို့ လွှင့်တင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။