Windows 8 ရဲ့ Control Panel အတွင်းသို့ ၀င်ရောက်ခြင်း
Control Panel ဆိုတာဟာ Operating System တစ်ခု (တစ်နည်းအားဖြင့် Windows ရဲ့ အဓိက Setting များထားရှိရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Control Panel ကို Windows Soul ( Windows ရဲ့အသက်လို့ ) တင်စားခေါ်ဝေါ်ကြပါတယ်။
Windows 8 ရဲ့ Control Panel ကို ယခင်ဝင်နေကျပုံစံအတိုင်း RUN မှလည်း ၀င်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်အတိုင်းဆိုလျှင် Start ပြောင်းလဲလိုက်တဲ့အတွက် Start မှ ၀င်ရောက်ရန် အခက်အခဲရှိနိုင်ပါတယ်။ အခု Control Panel ကို ၀င်ရောက်ပုံကတော့ RUN မှ မ၀င်ပဲ ပုံမှန် Windows စနစ်မှ ၀င်ရောက်မှာ ဖြစ်ပါတယ်။
Windows 8 ရဲ့ Control Panel ကို ၀င်ရောက်ရန်အတွက် PC Setting Screen ကို အရင်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီတော့ Screen ရဲ့ Right Side ဘက်ကို Mouse ကို ရွှေ့လိုက်ပါ။ ဒါဆိုရင် PC Setting ပေါ်လာမှာ ဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ၎င်း PC Setting ကြီးတစ်ခုလုံးဟာ Control Panel တွင် ပါဝင်သော Setting များ ဖြစ်ပါတယ်။ PC Setting ကို ရွေးချယ်လိုက်ပါက Control Panel ကြီးတစ်ခုလုံးကို မြင်တွေ့ရမှာ
ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေဖြင့် User Account , User Name, စတာတွေကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ Users ဆိုသည့်နေရာကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် User Information နဲ့ ပက်သက်တဲ့ ပြင်ဆင်ချက်များစွာကို ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။