Windows 8 Bootable USB ပြုလုပ်ခြင်း

Written by S.N.O Published in 02 Sep 2014

     ကွန်ပျူတာအတွင်း အသုံးပြုသော Windows Operating System ကို USB Drive အတွင်း ထည့်သွင်းပြီး Boot လုပ်နိုင်သော သင်ခန်းစာ ဖြစ်ပါတယ်။ ကွန်ပျူတာအတွင်း Windows OS ကို Install ပြုလုပ်ပုံ နည်းလမ်းမျိုးစုံ ရှိပါတယ်။

ယခု ဖော်ပြလိုက်တဲ့ နည်းလမ်းကတော့ ပုံမှန်၊ CD / DVD အခွေများနှင့် Install ပြုလုပ်ခြင်းမျိုးမဟုတ်ပဲ USB Drive အတွင်း Windows OS ကို ထည့်သွင်းကာ Install ပြုလုပ်ပုံ ဖြစ်ပါတယ်။

Windows OS ကို USB Drive များအတွင်း ထည့်သွင်းပြီး install ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့ Installating Time ကို ပိုမို မြန်ဆန်စေပါတယ်။ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ Windows အခွေမကောင်းလို့ Error များ တက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

 

အရင်ဦးဆုံး သင့်မှာ USB Drive တစ်ခုရှိရန် လိုအပ်ပါတယ်။ ထို့ပြင် ၎င်း USB Drive ရဲ့ Free Space ဟာ 4 GB မှ အထက် ခန့်ရှိနေရန်လည်း လိုအပ်ပါတယ။် ဘာကြောင့်လဲဆိုတော့ Windows OS ဟာ File Size အရွယ်အစား ကြီးမားလို့ ဖြစ်ပါတယ်။

ပြီးရင်တော့ သင်အသုံးပြုလိုတဲ့ Windows OS အခွေတစ်ချပ်လည်း ရှိရန် လိုအပ်ပါတယ်။ အရင်ဦးဆုံး သင့်ရဲ့ Windows OS ကို ISO Image ဖြစ်အောင် ပြုလုပ်ထားရပါမယ်။ ဒီလို ISO Image ဖြစ်အောင် ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာမှာ Ultra Software သို့မဟုတ် Nero ရှိနေရန် လိုအပ်ပါတယ်။ ပထမဆုံး Windows အခွေကို ကွန်ပျူတာ DVD Rom အတွင်း ထည့်သွင်းလိုက်ပါ။

ပြီးနောက် အောက်ပါပုံအတိုင်း DVD > Right Click > Ultra ISO , Create CD / DVD image ကို ရွေးလိုက်ပါ။ ပြီးနောက် ကွန်ပျူတာအတွင်း နှစ်သက်ရာ နေရာတစ်ခုခုတွင် သိမ်းဆည်းလိုက်ပါ။

 

 

ဒုတိယအဆင့်အနေဖြင့် Windows 7 USB/DVD download tool ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ၎င်း Tool ကို Microsoft website မှ အခမဲ့ Download ပြုလုပ်လို့ ရပါတယ်။ ဒီလို download tool ကို ရရှိသွားပြီဆိုရင်တော့ ၎င်း Tool ကို ဖွင့်လိုက်ပါ။ ပြီးနောက် သင့်ရဲ့ ISO File ရှိသော နေရာကို ရွေးချယ်ပေးလိုက်ပါ။

ပြီးနောက် ဘယ် Drive ကို bootable DVD အနေဖြင့် အသုံးပြုမှာလဲဆိုတာကို မေးပါလိမ့်မယ်။ သင့်ရဲ့ Pendrive ကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ Pen Drive ဟာ Windows Bootable Drive တစ်ခု ဖြစ်သွားပါပြီ။ ၎င်း Pen Drive ကို အသုံးပြုပြီး အလွယ်တကူ Windows Installating များကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.