Windows Boot ကို ပိုမို မြန်ဆန်အောင် ပြုလုပ်ခြင်း
ဒီသင်ခန်းစာကတော့ သင့်ကွန်ပျူတာ စတင်ဖွင့်ဖွင့်ချင်း Boot လုပ်တဲ့ အချိန်ကို ပိုမိုမြန်ဆန်စေအောင် ဆောင်ရွက်ပုံကို ရှင်းလင်းသင်ကြားပေးထားတဲ့ သင်ခန်းစာတစ်ရပ် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကွန်ပျူတာ Boot လုပ်တဲ့အခါမှာ Processor Core များကို တစ်လုံးသာ အသုံးပြုထားပါတယ်။
တကယ်လို့ သင့်ကွန်ပျူတာဟာ Intel Core 2 duo ကို အသုံးပြုထားလည်း Boot လုပ်ရင် တစ်လုံးတည်းပဲ အလုပ်လုပ်ပါတယ်။
နောက်တစ်ချက်ကတော့ Memory ကို အသုံးပြုခြင်းပါ။ သင့်ကွန်ပျူတာဟာ Memory အများအပြား ထည့်သွင်းအသုံးပြုထားပေမယ့်လည်း Boot လုပ်တဲ့အခါမှာ Memory အကုန်လုံးကို အသုံးမပြုပါဘူး။ ဒီတော့ Boot Time ကို ပိုမိုမြန်ဆန်ချင်တယ်ဆိုရင်တော့ Core , Memory များကို တိုးမြှင့်ပြီး အသုံးပြုနိုင်ပါတယ်။
Start > RUN ကို ခေါ်လိုက်ပါ။ပြီးနောက် msconfig လို့ ရိုက်လိုက်ပါ။
ဒါဆိုရင် System Configuration ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ ဒုတိယမြောက် Tab ဖြစ်တဲ့ Boot ကို ရွေးချယ်ပေးလိုက်ပါ။
Advanced options ကို ဆက်လက်ရွေးချယ်ပေးလိုက်ပါ။ Number of Processor နေရာမှာ 2 ကို ပြောင်းလဲပေးလိုက်ပါ။ တကယ်လို့ သင့်ကွန်ပျူတာဟာ Quad Core ဆိုရင်တော့ နောက်ထပ် Processor အရေအတွက်ကို တိုးမြှင့်ပေးနိုင်ပါတယ်။
Maximum Memory ကတော့ သင့်ကွန်ပျူတာရဲ့ Memory ကိုပြောတာပါ။ အဲဒီနေရာမှာလည်း သင့်ရဲ့ RAM ပမာဏကို သတ်မှတ်ပေးလို့ရပါတယ်။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ သင့်ကွန်ပျူတာရဲ့ Boot Time ကို လိုအပ်သလို တိုးမြှင့်နိုင်သွားပြီဖြစ်ပါတယ်။ Boot Time ကို သိရှိနိုင်ရန်အတွက် ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ။ Boot Time ပိုမို မြန်ဆန်သွားတာကို တွေ့ရပါလိမ့်မယ်။
Body | Size | height |