Windows Color ကို ပြောင်းလဲခြင်း

Written by S.N.O Published in 17 Oct 2014

Microsoft Windows 7 မှာ မြင်တွေ့နေရတဲ့ Taskbar များ ၊ Display Windows များရဲ့ အရောင်ကို နှစ်သက်ရာ အခြားအရောင်များ ပြောင်းလဲရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

        ပုံမှန်အားဖြင့် Windows မှာ ပြောင်းလဲရွေးချယ်အသုံးပြုနိုင်တဲ့ အရောင် 16 မျိုး ထည့်သွင်းပေးထားပါတယ်။ ဒီ အရောင် 16 မျိုးအား သင်နှစ်သက်ရာအရောင်ကို ရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ အရောင်တစ်မျိုးချင်းစီအလိုက် စိတ်ကြိုက် ပြန်လည်ပြင်ဆင်ကာ အသုံးပြုနိုင် ခြင်း ဖြစ်ပါတယ်။

Windows Color ကို ပြောင်းလဲအသုံးပြုရန်အတွက် Desktop ပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပြီးနောက် personlalize ကို ရွေးလိုက်ပါ။

 

 

Personalization Setting အောက်ခြေရှိ Windows Color နှိပ်လိုက်ပါမယ်။

 

 

        ဒါဆိုရင်တော့ အရောင်အသွေးစုံလင်တဲ့ Windows Color များကို သင့်စိတ်ကြိုက်ပြောင်းလဲရွေးချယ်ကာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Color Mixer ကတော့ အရောင်တစ်မျိုးခြင်းစီအလိုက် Hue , Saturation, Brigtness များကိုပါ ပြောင်းလဲ ပြင်ဆင်ကာအသုံးပြုနိုင်သည့် Setting တစ်ခု ဖြစ်ပါတယ်။

        Enable Transparency ကတော့ နောက်ခံ Background ကို ဖောက်ပြီး မြင်တွေ့နေရတဲ့ Transparent ကို ပြောတာ ဖြစ်ပါတယ်။ အရောင်တွေကို သင့်စိတ်ကြိုက်ပြောင်းလဲရွေးချယ်ပြီးရင်တော့ Save Changes ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ သင်ရွေးချယ်တဲ့အရောင်အတိုင်း Windows Start Bar , Taskbar များ အရောင်ပြောင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.