Windows Icons အရွယ်အစားကို ပြောင်းလဲခြင်း

Written by S.N.O Published in 13 Oct 2014

Windows Destkop ပေါ်ရှိ Icon များရဲ့ အရွယ်အစားကိုပဲဖြစ်ဖြစ် Start Menu မှာ ပေါ်နေတဲ့ Icon များရဲ့ အရွယ်အစားကိုပဲဖြစ်ဖြစ် နှစ်သက်သလို ပြောင်းလဲပြင်ဆင်ပေးလို့ရပါတယ်။

        ပုံမှန်အားဖြင့်တော့ Windows မှ Screen Resolution အလိုက် Icon အရွယ်အစားနှင့် Display ကို အလိုအလျှောက် ချိန်ပေးထားပါတယ်။ ကွန်ပျူတာ Desktop ပေါ်ရှိ Icon အရွယ်အစားကိုပဲ ဖြစ်ဖြစ် Start Menu ရှိ Icon အရွယ်အစားကိုပဲ ဖြစ်ဖြစ် Size ပြောင်းလဲချင်ရင် Control Panel မှ ၀င်ရောက် ပြောင်းလဲပေးနိုင်ပါတယ်။

ဒီတော့ Icon အရွယ်အစားကို ပြောင်းလဲရန်အတွက် Start Menu > Control Panel ကို ရွေးလိုက်ပါ။

 

 

ဒါဆိုရင် Control Panel ထဲကို ရောက်သွားပါပြီ။ အဲဒီမှာ Display ကို ဆက်လက်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

 

 

Smaller နေရာမှာ Medium ကိုပြောင်းလဲရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် Apply ကိုနှိပ်လိုက်ပါ။ တကယ်လို့ Icon အရွယ်အစားမပြောင်းလဲသေးဘူးဆိုရင်တော့ Log Off လုပ်ပေးရပါလိမ့်မယ်။

        ဒါမှမဟုတ် Restart လုပ်ပေးလိုက်ပါ။ နောက်တစ်ကြိမ် Windows ပြန်တက်လာတဲ့အခါမှာ Start Icon > Desktop Icon များရဲ့ အရွယ်အစားဟာ ကြီးမားနေတာကို တွေ့ရပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.