Windows Media ကို အသုံးပြုပြီး ACC မှ MP 3 သို့ ပြောင်းလဲနည်း

Written by S.N.O Published in 20 Jun 2014

     ACC file ဆိုတာဟာ ကွန်ပျူတာရဲ့ Audio File တစ်မျိုးဖြစ်ပြီး MP3 File များ မပေါ်ထွက်လာမီ အချိန်က အသုံးပြုခဲ့သော File အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

MP3ကတော့ ယနေ့ခေတ် အသုံးများဆုံး သီချင်းဖိုင် Format တစ်မျိုးဖြစ်ပြီး Music Player များ၊ VCD Player များမှာ အသုံးပြုနိုင်သော File အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။

     ထို ACC file မှ MP3 File အဖြစ်သို့ Windows Media ကို အသုံးပြုကာ ပြောင်းလဲနိုင်ပါတယ်။ ထို့အတွက် Windows Media Encoder ကို ထည့်သွင်းထားဖို့တော့ လိုအပ်ပါတယ်။ ပထမဆုံး အနေဖြင့် Windows Media Encoder ကို သင့်ကွန်ပျူတာအတွင်း Download ပြုလုပ်ကာ ထည့်သွင်းထားရမှာပဲ ဖြစ်ပါတယ်။

ထို Encoder ဟာ အသံ Format များ ပြောင်းလဲပေးရာမှာ အသုံးပြုနိုင်သော Application တစ်မျိုးဖြစ်ပြီး အသုံးပြုရာမှာလည်း လွယ်ကူပါတယ်။



      ထို့နောက် Convert a File မှတစ်ဆင့် OK ကို ရွေးချယ်ပေးကာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Encoder မှ Browse Button မှတစ်ဆင့် အသုံးပြုလိုသော Source File ကို သင်၏ ကွန်ပျူတာအတွင်းမှ ရှာဖွေပေးရမှာဖြစ်ပြီး Output File ကိုပါ တစ်ပါတည်း ရွေးချယ်ပေးရမှာပဲ ဖြစ်ပါတယ်။

File Type နေရာမှာတော့ .mp3 ဆိုတဲ့ Extension ကို ရွေးချယ်ပေးရမှာဖြစ်ပြီး အလွယ်တကူ Convert ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ ထို့နောက် Convert ပြုလုပ်ပြီးစီးပါက Finish ကို နှိပ်လိုက်ပါ။ ထိုအခါမှာ ACC Format မှ MP3 Format သို့ အလွယ်တကူ ပြောင်းလဲသွားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Windows Media Encoder ဟာ အသုံးပြုရာမှာ လွယ်ကူပြီး Audio File Type အများအပြားကို Format ပြောင်းလဲပေးနိုင်သော Windows Media Player Add on program တစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.