Windows Media Player ကို Taskbar မှာထားခြင်း
Windows Media Player ဟာ သီချင်းဖွင့်ခြင်း ၊ ဗီဒီယိုကြည့်ရှုခြင်းတို့အတွက် အဆင်ပြေပြေ အသုံးပြုနိုင်သည့် Microsoft OS တွင် ပါဝင်သော Built in player တစ်ခု ဖြစ်ပါတယ်။
ဒီ Player လေးကို ကွန်ပျူတာရဲ့ Taskbar မှာ ပေါ်နေအောင် ပြုလုပ်ထားလို့ ရပါတယ်။ဒီလို လုပ်ထားခြင်းအားဖြင့် သီချင်းများ Forward , Backward ပြုလုပ်ခြင်း အသံအတိုးအကျယ် ပြုလုပ်ခြင်း တို့ကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။
နောက်ထပ်တစ်ချက်ကတော့ သီချင်းဖွင့်ထားရင်း Windows Media Player ကို Taskbar မှာ ထားရှိခြင်းကြောင့် အခြား လုပ်ဆောင်ချက်များကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။
Windows Media Player ကို Taskbar မှာ ထားရန်အတွက် Windows Toolbar ပေါ်တွင် Right Click နှိပ်လိုက်ပါ။
Toolbar ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက် Windows Media Player ကို ဆက်လက်ရွေးချယ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Toolbar မှာ Windows Media Player လေး ကို တွေ့ရမှာ ဖြစ်ပါတယ်။