Windows Password များကို Recovery လုပ်နိုင်သော Ophcrack

Written by S.N.O Published in 15 Aug 2014

Ophcrack ဆောဖ့်ဝဲကတော့ Windows OS ရဲ့ Password မေ့သွားလို့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က ပြောင်းလဲလိုက်လို့ပဲဖြစ်ဖြစ် Password ကို ပြန်လည်ခေါ်ယူပေးနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

        Ophcrack ဟာ အခမဲ့အသုံးပြုနိုင်သော Tools တစ်ခုဖြစ်ပြီး သူ့ရဲ့တည်ဆောက်ပုံဟာလည်း အသုံးပြုရတာ ရှင်းလင်းလွယ်ကူပါတယ်။

Ophcrack ရဲ့ ထူးခြားချက်ကတော့ အခြားသော Software များကဲ့သို့ Boot တက်ပြီး Recovery ပြုလုပ်သော ဆော့ဖ်ဝဲမျိုး မဟုတ်ပဲ တိုက်ရိုက်ထည့်သွင်းကာ အသုံးပြုရသော ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဒီတော့ Boot Menu ကိုလည်း ပြောင်းလဲစရာမလိုပဲ User တိုင်း အသုံးပြုနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

        Ophcrack ကို Version နှစ်မျိုးအနေဖြင့် ခွဲခြားထုတ်လုပ်ထားပါတယ်။ တစ်မျိုးကတော့ Installer ဖြစ်ပါတယ်။ ပုံမှန်အသုံးပြုနေကျ ဆောဖ့်ဝဲ များကဲ့သို့ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Live CD ဖြစ်ပါတယ်။ Password များကို Crack လုပ်ရာမှာ အတော်လေးကောင်းမွန်တဲ့ CD ဖြစ်ပါတယ်။ Stand Alone Installer ဆောဖ့်ဝဲကတော့ သင့်ကွန်ပျူတာအတွင်း အသုံးပြုထားသော Password အမျိုးမျိုးကို မှတ်သားထားပေးရန်အတွက် အသုံးပြုပါတယ်။

Live CD ကတော့ Windows Password ကို Crack လုပ်ရန်အတွက် အသုံးပြုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိကအားနည်းချက်ကတော့ Windows XP , Windows Vista , Windows 7 အစရှိသဖြင့် OS ပေါ်မူတည်ပြီး Version အမျိုးမျိုး ကွဲပြားပါတယ်။ ဒီတော့ သင်အသုံးပြုလိုတဲ့ OS ပေါ်မူတည်၍ မှန်ကန်သော Version ကို Download ပြုလုပ်နိုင်ရန် လိုအပ်ပါတယ်။

 

 

        Ophcrack ကို အသုံးပြုပြီး Administrator Password ကို Crack လုပ်ရာမှာ အခြားဘာမှ ထွေထွေထူးထူး လုပ်ဆောင်ပေးရန် မလိုပါဘူး။

ကွန်ပျူတာ ကို ပုံမှန်အတိုင်း Open လုပ်လိုက်ပါ။ ပြီးနောက် Ophcrack Live CD ကို ထည့်ထားလိုက်ပါ။ Administrator ကို တောင်းခံသည့် နေရာရောက်လာပါက Ophcrack မှ ယခုကဲ့သို့ပြသပေးမှာ ဖြစ်ပါတယ်။

Password နေရာမှာ ဘာကိုမှ မထည့်ပေးပဲ ၀င်လိုက်မယ်ဆိုရင်လည်း ရပါတယ်။ တကယ်လို့ Password ကို Resets လုပ်ချင်တယ်ဆိုရင် သင်နှစ်သက်ရာ Password တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ၎င်း ကွန်ပျူတာဟာ Ophcrack မှာပေးခဲ့တဲ့ Password အတိုင်း ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.