Windows Service Pack 4 ကို ပြင်ပ Developer မှ ထုတ်လုပ်
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း Microsoft Windows Service Pack 4 အား Developer တစ်ဦးမှ ပြင်ဆင်ထုတ်လုပ်လိုက်ကြောင်း သတင်းဌာနများမှ ပြောကြားချက်အရ သိရှိရပါတယ်။
ဒီလို Windows XP Service Pack 4 အား ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်မှာ သက်တမ်း 13 နှစ်တာ ကြာမြင့်နေပြီဖြစ်သော Windows XP အား ပြန်လည်အသက်သွင်းလိုခြင်းဖြစ်ကြောင်း ၊ ၎င်းအနေဖြင့်လည်း Windows XP အား နှစ်သက်သူ User များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
၎င်း Developer ဟာ ryanym.net/forum မှာ Windows XP SP 4 နဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းချက်များကို ရေးသားထားပြီး Download ပြုလုပ်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
လက်ရှိမှာ Download ပြုလုပ်သူအရေအတွက် အများအပြားရှိပေမယ့် ဒီ SP 4 ဟာ တရားမဝင် ထုတ်လုပ်ထားသော Service Pack ဖြစ်သလို SP 4 ဟာ Beta Version အနေဖြင့်သာ ရှိသေးကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
Microsoft မှ တရားဝင်ထုတ်လုပ်ပေးသော Service Pack ဟာ လွန်ခဲ့တဲ့ 2008 ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့ပြီး အဲဒီနောက် Service Pack များ ထပ်မံမထုတ်လုပ်ခဲ့ပဲ Windows User များအား Windows Vista , Windows 7 တို့ကိုသာ ပြောင်းလဲအသုံးပြုရန် တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။
ဒီလို ပြဿနာတွေကြောင့် ယခု Service Pack 4 ဟာ ထွက်ပေါ်လာရခြင်းဖြစ်ပြီး ၎င်းအတွင်း လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ပြင်ဆင်ထားကြောင်းလည်း forum မှာ ရေးသားထားတာကို တွေ့ရပါတယ်။