Windows Skin ကိုပြောင်းလဲ ပေးနိုင်သော WindowBlinds 6.4 ဆော့ဖ်ဝဲ

Written by S.N.O Published in 20 Jun 2014

နေ့စဉ်အသုံးပြုနေကျ Windows Skin ကို ငြီးငွေ့သွားပြီဆိုရင်တော့ ယခုဖော်ပြပေးလိုက်တဲ့ WindowsBlind ဟာ သင့်အတွက် စိတ်လှုပ်ရှားဖွယ် Skin အသစ်များဖြင့် နှစ်သက်ဖွယ်ရာ Windows ပုံစံအသစ်များကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ WindowsBlinds ဟာ Windows XP နှင့် Vista တို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီး Windows ၏ အသွင်အပြင်ကို ယခင်ထက် ပိုမိုလှပစေမှာ ဖြစ်ပါတယ်။

 

 

မြင်တွေ့နေကျ Windows Skin များအား ပြောင်းလဲပေးမှာဖြစ်ပြီး Title Bar များ၊ Button များ၊ Start Bar များနှင့်အခြား Box များ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်ပါတယ်။ WindowsBlind တွင် ထည့်သွင်းအသုံးပြုရန် ထောင်ပေါင်းများစွာသော Skin များအား အင်တာနက်မှတစ်ဆင့် အခမဲ့ရယူအသုံးပြုနိုင်ပြီး Skin ပြောင်းလဲရာမှာလည်း လွယ်ကူမြန်ဆန်တာကို တွေ့ရပါတယ်။

ထို့ပြင် အခြား OS များဖြစ်သည့် Mac နှင့် Linux တို့တွင်ပါ အသုံးပြုနိုင်ပြီး မိမိကိုယ်တိုင် Windows Skin များ ဖန်တီးပေးနိုင်မည့် SkinStudio Feature ထည့်သွင်းပေးထားပါတယ်။ ကွန်ပျူတာ Memory လိုအပ်ချက်သိပ်မရှိလှဘဲ ပေါ့ပါးသော Application ဖြစ်ကာ သင့်ကွန်ပျူတာအတွင်းရှိ Video Card ၏ စွမ်းဆောင်ရည်ကိုပါ ပိုမိုကောင်းမွန်စေမည့် Feature များ ပါဝင်ထည့်သွင်းပေးထားပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.