Windows Speaker Setting ကို ပြင်ဆင်ခြင်း

Written by S.N.O Published in 09 Oct 2014

        Microsoft Windows Operating System တိုင်းမှာ အသံစနစ်ကို ထုတ်လုပ်ပေးရန်အတွက် Sound Setting များ ပါဝင်ပါတယ်။ တကယ်လို့ ကွန်ပျူတာမှာ Sound Drive မထည့်သွင်းထားရင်တော့ ဒီစနစ်ဟာ အလုပ်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အခု ကွန်ပျူတာရဲ့ Sound Setting ထဲကို အဆင့်ဆင့်ဝင်ရောက်ပါမယ်။

        ဒီအတွက် Start > Control Panel > Hardware and Sound ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးနောက် Sound ကို ရွေးချယ်ပေးလိုက်ပါ။

 

 

        ဒါဆိုရင်တော့ Sound Options ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပထမဆုံးမြင်တွေ့နေရတာကတော့ ကွန်ပျူတာမှာ လက်ရှိအသုံးပြုထားတဲ့ အသံစနစ်ကို ပြောတာပါ။

         ပုံမှန်အားဖြင့် Motherboard တော်တော်များများရဲ့ Sound System ဟာ High Definition Audio စနစ်များသာ ဖြစ်ကြပါတယ်။ သူ့အောက်မှာရှိတဲ့ Digital Audio (S/ PDIF) ကတော့ အတော်လေးအသုံးနည်းပါတယ်။

 

 

        ဆက်လက်ပြီး ဒုတိယမြောက် Tag ဖြစ်တဲ့ Recording ထဲကို ၀င်ကြည့်ပါမယ်။ သူကတော့ ကွန်ပျူတာနှင့် ပြင်ပမှ အသံများကို ဖမ်းယူပေးရန်အတွက် ဖြစ်ပါတယ်။ တတိယမြောက် Tag ကို ဆက်လက်လေ့လာကြည့်ပါမယ်။

        ဒီ Tag ကတော့ အတော်လေး အသုံးတည့်ပါတယ်။ ကွန်ပျူတာ Windows System မှာ အသုံးပြုထားတဲ့ အသံတွေအားလုံးကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

ဥပမာ သင်ဟာ Windows ရဲ့ Boot စ တက်တဲ့အသံကို ပြောင်းချင်ရင် ဒီ Options မှာ ၀င်ပြောင်းရပါတယ်။ တကယ်လို့ Windows ရဲ့ အသံတွေအားလုံးကို ဖျောက်ထားချင်ရင်လည်း ဒီ Options မှာ ၀င်ရောက် ပြင်ဆင်ပေးထားလို့ရပါတယ်။

 

 

နောက်ဆုံး Tag တစ်ခု ဖြစ်တဲ့ Communications ကတော့ အခြား အရာများဖြစ်သည့် ဖုန်းများ နှင့် ချိတ်ဆက်ပါက Windows မှ အသံစနစ် အတိုးအကျယ်ကို ချိန်ညှိပေးနိုင်တဲ့ Options တစ်ခု ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.