WinMetro

Written by S.N.O Published in 25 Nov 2014

           WinMetro ကတော့ Windows 7 မှာ Windows 8 ပုံစံ Metro ကို ထည့်သွင်းအသုံးပြုချင်တဲ့သူတွေအတွက် အဆင်ပြေစေမည့် ဆော့ဖ်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Windows 7 ကို Windows 8 ပုံစံ ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင် ဒီ WinMetro Software ကို ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။

          Windows 8 ဟာ နေ့စဉ်အသုံးပြုလျှက်ရှိသော ဆောဖ့်ဝဲများနှင့် ကိုက်ညီမှုသိပ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အချို့သော ဆော့ဖ်ဝဲအတော်များများကို Microsoft .Net အထောက်အပံ့ပေါ်မူတည်ပြီး ပေးမသုံးပါဘူး။ နဂို Version နိမ့်နေတဲ့ .Net Framwork များကိုလည်း Install ပေးမလုပ်ပါဘူး။

ဒီလိုအခါမျိုးမှာ .Net ကို အထောက်အပံ့ပြုထားရတဲ့ ဆောဖ့်ဝဲများ အသုံးပြုလို့မရတော့ပါဘူး။ ဒါကြောင့် Windows 7 ပေါ်မှာ Windwos 8 ပုံစံပြောင်းလဲအသုံးပြုနိုင်အောင် ဒီ WinMetro ဆောဖ့်ဝဲလေးဟာ အထောက်အကူ ဖြစ်စေပါတယ်။

 

 

         WinMetro ကို ကွန်ပျူတာအတွင်း Install ပြုလုပ်ပြီးနောက် သင့်ကွန်ပျူတာကို Restart ချပေးရပါလိမ့်မယ်။ ဒါမှသာ Start Screen , Welcome Screen များဟာ Window 8 ပုံစံသို့ ပြောင်းသွားမှာ ဖြစ်ပါတယ်။ Windows Metro မှာ Windows 8 ပုံစံ ပြောင်းထားတာ ဖြစ်တဲ့အတွက်ကြောင့် Windows 8 ရဲ့ Online Feature များ ထည့်သွင်းပေးထားပါတယ်။

           ဒါကြောင့် အချို့သော Weather , Bing , News ,Sports , များဟာ အင်တာနက်ချိတ်ဆက်ထားမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ All Probrams ကတော့ ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Program များကို ဆိုလိုတာဖြစ်ပါတယ်။ သူ့ဘေးနားမှာရှိတဲ့ desktop ကတော့ လက်ရှိ သင့်ကွန်ပျူတာရဲ့ Desktop ကိုသွားချင်ရင် ရွေးချယ်ပေးရန် ဖြစ်ပါတယ်။

 

 

All Program ကို နှိပ်လိုက်လျှင် ကွန်ပျူတာအတွင်းရှိ ထည့်သွင်းထားသော ဆောဖ့်ဝဲများကို အောက်ပါအတိုင်း ပြသပေးပါတယ်။

အဲဒီကမှ သင်အသုံးပြုလိုသော ဆော့ဖ်ဝဲကို ရွေးချယ်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Windows 8 Style အသုံးပြုလိုသူ User များအနေဖြင့် ပြောင်းလဲရွေးချယ် အသုံးပြုနိုင်စရာ ဆော့ဖ်ဝဲကောင်းတစ်ခု အနေဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.