Wise Program Uninstaller

Written by S.N.O Published in 01 Aug 2014

Wise Program Uninstaller ကတော့ သင့်ကွန်ပျူ တာအတွင်း မလိုအပ်သော Software များကို စနစ်တကျ Uninstall ပြုလုပ်ပေးနိုင်သည့် Software တစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့ တည်ဆောက်ပုံကတော့ ပုံမှန် Windows Uninstaller ကဲ့သို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ ပိုမိုကောင်းမွန်တဲ့ Extra Feature တွေ များစွာ ထည့်သွင်းပေးထားပါတယ်။

တစ်ခါတစ်ရံ ကွန်ပျူ တာအတွင်း ထည့်သွင်းထားတဲ့ Software များကို ပြန်လည် Uninstall ပြုလုပ်ရာမှာ Error Message ပြပြီး Uninstall ပြုလုပ်လို့ မရတာကို တွေ့ရပါတယ်။ Uninstall ပြုလုပ်ရာမှာလည်း အကုန်လုံးမပျက်ပဲ Software Folder များ၊ Temp များ၊ Regedit များ ကျန်ရှိနေတတ်ပါတယ်။

ဒီလိုမျိုး ပြဿနာမျိုးတွေကို အလွယ်တကူ ဖြေရှင်းချင်တယ်ဆိုရင်တော့ Wise Program Uninstaller ကို အသုံးပြုနိုင်ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ နေ့စွဲကတော့ မေ လ 7 ရက်နေ့မှာဖြစ်ပြီး Software အမျိုးအစားကတော့ Freeware ဖြစ်ပါတယ်။

Wise Program Uninstaller ရဲ့ ယခုနောက်ဆုံးထွက် Version ကတော့ 1.63 ဖြစ်ပါတယ်။ File Size အရွယ်အစားကတော့ 1.93 MB ဖြစ်ပြီး Download.cnet.com မှာ အလွယ်တကူ အခမဲ့ Download ပြုလုပ်ကာ အသုံးပြု နိုင်ပါတယ်။

ထည့်သွင်း အသုံးပြုနိုင်တဲ့ Operating System တွေကတော့ Windows XP , Windows Vista , Windows 7 , Windows 8 တို့အပြင် Windows Server 2003 , Server 2008 တို့အတွင်းမှာပါ ထည့်သွင်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ လက်ရှိ download ပြုလုပ်သုံးစွဲသူဦးရေ ငါးသိန်းဝန်းကျင် ရှိတာကို တွေ့ရပါတယ်။

 

 

Wise Program Uninstaller တွင် Uninstall ပြုလုပ်ရာမှာ Safe Uninstall , Forced Uninstall , Remove Entires ဆိုပြီး Feature သုံးမျိုး ထည့်သွင်းပေးထားပါတယ်။

Safe Uninstall ကတော့ ပုံမှန် Uninstall ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အသုံးမပြုပဲ Uninstall ပြုလုပ်မည့် Software ကိုသာ ကွန်ပျူ တာအတွင်းမှ ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

Forced Uninstall ကတော့ Software ကို Uninstall ပြုလုပ်ရာမှာ Error များဖြစ်နေတဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။

Remove Entires ကတော့ သင် Uninstall ပြုလုပ်သည့် Software နှင့် သက်ဆိုင်သည့် အရာအားလုံးကို ကွန်ပျူ တာအတွင်းမှ ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကွန်ပျူတာအတွင်းမှ Software များကို စနစ်တကျ Uninstall ပြုလုပ်ရာမှာ အသုံးပြုနိုင်တဲ့ Software ကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.