Word မှ PDF ပြောင်းလဲပေးနိုင်သော UniPDF

Written by S.N.O Published in 15 Aug 2014

 

 

UniPDF ဆော့ဖ်ဝဲကတော့ Micorosft Word မှ PDF သို့ ပြောင်းလဲပေးနိုင်သည့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

         ဒီ UniPDF ဟာ Word မှ PDF အပြင် အခြားသော File Type များဖြစ်သည့် RTF, JPEG, PNG , GIF , HTML အပြင် သာမန် Plain Text များအဖြစ်သို့လည်း ပြောင်းလဲပေးနိုင်သည့် Software လေး ဖြစ်ပါတယ်။

UniPDF ဟာ အခမဲ့ Download ရယူအသုံးပြုနိုင်တဲ့ Software တစ်မျိုးဖြစ်သလို File Size အရွယ်အစားဟာလည်း အလွန်ပဲ သေးငယ်လှပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါကြောင့် Word to PDF , PDF to Word ပြောင်းလဲချင်သူတွေ အနေဖြင့် အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

        UniPDF ကို Windows 8.1 , Windows 8 , Windows 7 , Windows Vista , Windows XP တို့အတွင်း ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ ထို့ပြင် ၎င်း ဆောဖ့်ဝဲအတွင်း Online Tools များလည်း ထည့်သွင်းပေးထားတာကြောင့် အချို့သော Feature တွေကိုတော့ အွန်လိုင်းအသုံးပြုပြီး ဆောင်ရွက်နိုင်ပါတယ်။

ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Convert ပြုလုပ်သည့် File Size အရွယ်အစားဟာ 250 MB ထက် ပိုလို့မရပါဘူး။

        တကယ်လို့ သင်ဟာ Microsoft Word ထဲမှာ စာရိုက်ထားတဲ့ File ကို PDF ပြောင်းလဲချင်တယ်ဆိုရင်တော့ ၎င်း Microsoft Word File ဟာ 250 MB ထက် သေးငယ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ အဆင်ပြေပြေ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.