Word , Excel တို့တွင် Hyperlink များ အလွယ်တကူထည့်သွင်းခြင်း

Written by S.N.O Published in 15 Aug 2014

Microsoft Word ကို အသုံးပြုပြီး စာရိုက်လို့ပဲဖြစ်ဖြစ်၊ Excel ကို အသုံးပြုပြီး စာရင်းအင်းများ ပြုလုပ်ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် တစ်ခါတစ်ရံမှာ Hyperlink များ ထည့်သွင်းပေးရန် လိုအပ်ပါတယ်။

ဒီလို Hyperlink များ ထည့်သွင်းရာမှာ Web Browser ရဲ့အပေါ်ဖက် Address Bar မှလည်း စာသားများကိုကူးယူပြီး Word , Excel များအတွင်း Paste ချကာ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် ယခုဖော်ပြမည့် နည်းလမ်းလေးကတော့ Shortcut နည်းလမ်းလေးဖြစ်တာကြောင့် ပိုမိုလွယ်ကူပြီး မြန်ဆန်မှာ အမှန်ပါပဲ။

Word , Excel တို့ နှင့် စာများရေးသားရာမှာ တစ်ခါတစ်ရံ Website အမည်များကို ထည့်သွင်းရေးသား တတ်ကြပါတယ်။ အဲဒီလို ထည့်သွင်းရေးသားချင်တယ်ဆိုရင်တော့ Word မှာ Control + K ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုရင် Hyperlink
ကို ထည့်သွင်းရန် တောင်းခံသည့် Box လေးကျလာပါလိမ့်မယ်။

 

 

Existing File or Web Page ဆိုတာကတော့ လက်ရှိ Firefox Browser မှာ ခေါ်ယူအသုံးပြုထားတဲ့ Web Page များကို ပြသပေးခြင်း ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေဖြင့် ကွန်ပျူတာအတွင်းရှိ အခြားသောဓါတ်ပုံများ၊ File များကိုလည်း Link တစ်ခုအနေဖြင့် ထည့်သွင်းထားလို့ရပါတယ်။ ဒါဆိုရင် အဲဒီ Link ကို နှိပ်လိုက်တာနှင့် သူနဲ့သက်ဆိုင်ရာ Web Page ဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။

 

နောက်တစ်နည်းကတော့ Link ကို Select မှတ်ပြီး Right Click မှတဆင့် Open Hyperlink ကိုနှိပ်ကာ ထည့်သွင်းထားသော Web Page စာမျက်နှာကို တိုက်ရိုက်ဝင်ရောက်သွားနိုင်ပါတယ်။ ထိုသို့ ထည့်သွင်းထားသော Link များဟာ PDF File ပြောင်းလဲလိုက်လျှင်လည်း Link တစ်ခုအနေဖြင့်သာ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.