Xplorer2

Written by S.N.O Published in 12 Aug 2014

Xplorer2 ဆောဖ့်ဝဲကတော့ Windows Explorer နေရာမှာ အစားထိုး အသုံးပြုနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

ဒါပေမယ့် Xplorer2 မှာ ပါဝင်တဲ့ Feature တွေကတော့ သာမန် Windows Explorer ထက် ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် Xplorer2 မှာ Windows တွင် အသုံးဝင်တဲ့ Utilities များစွာပါဝင်တာကို တွေ့ရပါတယ်။

 

 

Xplorer2 ရဲ့ အသွင်အပြင်ဟာ Windows Explorer နဲ့ ဆင်တူပေမယ့် ၎င်းတွင် Two Pane Explorer အပြင် Navigation Tree အနေဖြင့် File များရဲ့တည်နေရာ အရွယ်အစား၊ များအားလုံးကို တိကျစွာ ပြသပေးထားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံမှန် Explorer အပြင် Windows Explorer ကို ပုံစံသုံးမျိုးခွဲခြားပြသပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ Folder တစ်ခုကို Select ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ၎င်း Folder တွင်ပါဝင်သော File များအားလုံးကို ညာဖက် Explorer တွင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် File များအားလုံးကို Copy ကူးယူခြင်း၊ Cut လုပ်ခြင်း၊ Delete ပြုလုပ်ခြင်းများအားလုံးကို Explorer တစ်ခုတည်းမှ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Mac တွင် အသုံးပြုထားသော Explorer ပုံစံမျိုး ဖြစ်ပါတယ်။ Xplorer2 တွင် Feature များစွာပါဝင်ပြီး ၎င်းတို့အတွင်း လူကြိုက်များတဲ့ Feature ကတော့ Bookmarks ဖြစ်ပါတယ်။

ဒါကြောင့် သင့်ကွန်ပျူတာအတွင်းရှိ Folder များ၊ Sub Folder များအတွင်းရှိ File များအားလုံးကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းထဲ ဖြစ်အောင် Bookmark ပြုလုပ်ပြီး မှတ်သားထားလို့ရပါတယ်။ ထိုသို့ Bookmark ပြုလုပ်ရာမှာ လက်ရှိအသုံးပြုနေတဲ့ Current Location အား Bookmarks Menu ထဲမှတဆင့် Add Current ကိုနှိပ်ကာ Bookmarks ပြုလုပ်ရမှာ ဖြစ်ပါတယ်။

Xplorer2 တွင် နောက်ထပ် လူကြိုက်များတဲ့ Feature ကတော့ Preview Feature ဖြစ်ပါတယ်။ Preview Feature ကတော့ Select ပြုလုပ်ထားတဲ့ File အား Preview အနေဖြင့် Display ပြုလုပ်ပြသော Feature ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ပုံ File များ၊ Video File များ နှင့် အခြား Media File များရှာဖွေရာမှာ လွယ်ကူအဆင်ပြေတာကို တွေ့ရပါတယ်။

Xplorer2 တွင် လူကြိုက်များတဲ့ နောက်ဆုံး Feature ကတော့ Multiple Tabs Feature ဖြစ်ပါတယ်။ ဒီလို Multiple Tabs Feature ကို အသုံးပြုနိုင်တာကြောင့် Windows Explorer ကို Browser မှ အသုံးပြုသကဲ့သို့ Tabs များခွဲပြီး ကြည့်ရှုလို့ရပါတယ်။

ထို့နောက် Tab တစ်ခုမှ File များအားလုံးကိုလည်း နောက်ထပ် Tab အတွင်းရှိ File , Folder များဆီသို့ Mouse နှင့် Drag ဆွဲကာ ပေးပို့ အသုံးပြုနိုင်ပါတယ်။ Xplorer2 ဟာ အခမဲ့အသုံးပြုနိုင်သော ဆောဖ့်ဝဲအမျိုးအစားဖြစ်ပြီး နှစ်သက်ရာ Windows Xp , Vista , Windows 7 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.