Yahoo မှ အစ္စရေး Ray V အွန်လိုင်း ဗီဒီယို နည်းပညာအား ဝယ်ယူ

Written by S.N.O Published in 18 Jul 2014

    Yahoo ကုမ္ပဏီမှ အွန်လိုင်း အခြေပြု ဖျော်ဖြေရေးကဏ္ဍ ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် အစ္စရေးရဲ့ Startup RayV ဆိုသည့် ဗီဒီယို ၀န်ဆောင်မှုအား ဝယ်ယူရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလို ဝယ်ယူခြင်းအားဖြင့် Yahoo အသုံးပြုသူ User များအား အွန်လိုင်း အခြေပြု ဖျော်ဖြေရေး အစီအစဉ်များ အား ပိုမို နှစ်သက် အားပေးလာစေရန်အတွက် ဖြစ်ကြောင်းလည်း Yahoo မှ ကြေငြာခဲ့ပါတယ်။

 

 

    Ray V ဟာ အထူးသဖြင့် အရည်အသွေးမြင့် ဗီဒီယိုများကို အွန်လိုင်းမှတဆင့် မိုဘိုင်း အသုံးပြုသူများ အဆင်ပြေပြေ ကြည့်ရှုနိုင်စေရန်အတွက် ဝန်ဆောင်မှုပေးထားတဲ့ ဆားဗစ်တစ်ခု ဖြစ်ပါတယ်။ RayV ဟာ ရှစ်နှစ်ကြာမျှ ဤလုပ်ငန်းကို လုပ်ကိုင်နေခဲ့ပြီး ယခုအချိန်မှာတော့ Yahoo နှင့် ပူးပေါင်းရန် စီစဉ်ထားကြောင်း တရားဝင် ပြောဆိုသွားပါတယ်။

ယခုကဲ့သို့ Yahoo ရဲ့ ဝယ်ယူမှုကြောင့် ၎င်းရဲ့ မီဒီယာ လုပ်ငန်းစဉ်များ ဟာ အွန်လိုင်းအခြေပြု လုပ်ငန်းစဉ်ဘက်သို့ကူးပြောင်းလာမှာ ဖြစ်ပြီး လူအများ စိတ်ဝင်စားနိုင်မည့် အစီအစဉ်များကို ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း Yahoo မှ ပြောကြားခဲ့ပါတယ်။  Yahoo အနေဖြင့် နောင်လာမည့် နှစ်များအတွင်း တစ်နေ့လျှင် ဖျော်ဖြေရေးပွဲစဉ် တစ်ပွဲကို ဆက်တိုက် ထုတ်လွှင့်ပေးသွားမှာ ဖြစ်သလို၊ အခြား အစီအစဉ်များအတွက်လည်း ဂီတဆိုင်ရာ ထုတ်လွှင့်သော ကုမ္ပဏီများ၊ ဗီဒီယို ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဂီတ Channel တစ်ခုမှ သတင်းထုတ်လွှင့်မှုအရ Yahoo မှ Dave Matthews ရဲ့ ဖျော်ဖြေရေး ပွဲစဉ်များအပြင် John Legend ရဲ့ ဖျော်ဖြေရေး ပွဲစဉ်များကို လာမည့် ရက်ပိုင်းအတွင်း ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်းလဲ သိရှိရပါသည်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.