Yandex.Browser

Written by S.N.O Published in 05 Aug 2014

Yandex.Browser ကတော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ ထည့်သွင်း အသုံးပြုလိုရတဲ့ Browser ဖြစ်ပါတယ်။

အခြား Browser များမှ Setting များကို Import ပြုလုပ်ကာ ထည့်သွင်းနိုင်သလို သင့်ရဲ့အင်တာနက် Account များကိုလည်း ဖုန်းနှင့် ချိတ်ဆက်ထားနိုင်သော Syncing Feature ပါဝင်တာကို တွေ့ရပါတယ်။ 

Yandex.Browser အတွင်း Bookmarks ပြုလုပ်ခြင်း၊ History များအား သိမ်းထားနိုင်သော Save Feature များ ပါဝင်ခြင်း Browser အသုံးပြုနေရင်း အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်ခြင်းစတဲ့ အားသာချက်များစွာလည်း ပါဝင်တာကို တွေ့ရပါတယ်။

 

 

Yandex.Browser ကို ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှစ်မျိုးစလုံးမှာ ထည့်သွင်းပြီး ချိတ်ဆက်ထားနိုင်ပါတယ်။ ဒီလိုမျိုး အသုံးပြုမယ်ဆိုရင် ကွန်ပျူတာမှ ဖုန်းခေါ်ဆိုမှုများကိုလည်း ပြုလုပ်ဆောင်ရွက်တာကို တွေ့ရှိနိုင်ပါတယ်။

Yandex.Browser ကို အသုံးပြုပြီး အင်တာနက် အသုံးပြုရာမှာလည်း အန္တရာယ်ရှိသော ၀ဘ်ဆိုက်များအတွင်းမှ Virus များအား သင့်ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအတွင်း အလွယ်တကူ မ၀င်ရောက်နိုင်အောင် ကာကွယ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

Download ပြုလုပ်ရာမှာလည်း File များအတွင်း Virus , Malware , Sypwareများ မ၀င်လာစေရန် Scan ပြုလုပ်ပေးပါတယ်။ ထိုသို့ Virus Scan ပြုလုပ်ပြီး စိတ်ချရပြီဆိုမှ သင့်ကွန်ပျူတာအတွင်းသို့ Download ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

Yandex.Browser ရဲ့ File အရွယ်အစားကတော့ 56.09 MB ၀န်းကျင်ဖြစ်ပြီး download.cnet.com မှာ အခမဲ့ Download ပြုလုပ်ပြီး သုံးစွဲနိုင်ပါတယ်။ ထုတ်လုပ်ထားတဲ့ ရက်စွဲကတော့ လွန်ခဲ့တဲ့ ဂျူလိုင်လ 24 ရက် ဖြစ်ပြီး ဆော့ဖ်ဝဲအမျိုးအစားကတော့ Freeware ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းများသာမက Windows XP , Vista , Windows 7 , 8 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Yandex.Browser ဟာ အင်တာနက် အသုံးပြုရာမှာ အမြန်နှုန်း အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ Browser အတွင်း ၀ဘ်ဆိုက်များကို မှတ်သားထားနိုင်သော Feature များ ထည့်သွင်းပေးထားသလို ၊ Multi Tab အနေဖြင့်လည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ Browser ရဲ့ နောက်ခံ Background ပုံကို သင်နှစ်သက်ရာပုံများ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း (သို့မဟုတ်) ကွန်ပျူတာများနှင့် အင်တာနက် အသုံးပြုသူများနှင့် ကိုက်ညီမှုရှိစေမည့် ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.