YouTube မှ Video File များအတွင်း Slow Motion Feature အသစ်ကို ထည့်သွင်း
မကြာသေးမီရက်ပိုင်းအတွင်း YouTube မှ ၎င်း၏ ဗီဒီယိုများ ကြည့်ရှုရာမှာ အနှေးပြကွက် ကြည့်ရှုနိုင်ရန်အတွက် Slow Motion Feature အသစ်ကို ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဒီလို Slow Motion Feature အသစ်ကို ထည့်သွင်းလိုက်ခြင်းဟာ အားကစား ၊ Tutorial နှင့် အခြားမတော်တဆ တိုက်ခိုက်မှု ၊ Accident အဖြစ်အပျက်များအား အနှေးပြကွက် အနေဖြင့် User များ ကြည့်ရှုနိုင်ရန် ဖြစ်ကြောင်း YouTube မှ ရေးသားဖော်ပြခဲ့ပါတယ်။
Chrome Browser အသုံးပြုသူများအနေဖြင့် Video Player ရဲ့ ညာဖက်အောက်ခြေမှ တဆင့် ဗီဒီယို၏ အနှေးအမြန်ကို စိတ်ကြိုက်ပြင်ဆင်ကာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး 0.5 (Half speed) , 0.25 (Quarter speed) စသည်ဖြင့် အနှေးအမြန်ကို စိတ်ကြိုက်ပြင်ဆင်နိုင်သော Option များ ထည့်သွင်းပေးထားပါတယ်။
Firefox နှင့် Internet Explorer အသုံးပြုသူများ အနေနဲ့ကတော့ HTML 5 Player ကို မြှင့်တင်အသုံးပြုမှသာလျှင် ဒီ Feature ကို အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ကြောင်း YouTube မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။