Youtube Video များကို VLC မှာ တိုက်ရိုက်ကြည့်ရှုခြင်း

Written by S.N.O Published in 03 Sep 2014

        အင်တာနက်အသုံးပြုပြီး Youtube ပေါ်မှ Video File များကို သင့်ကွန်ပျူတာအတွင်းရှိ VLC Player မှာ တိုက်ရိုက်ကြည့်ရှုလို့ရပါတယ်။

VLC Media Player ဟာ အခြား Player များထက် အားသာချက်များစွာ ရှိပါတယ်။

        အထူးသဖြင့် Video Format မျိုးစုံကို အထောက်အပံ့ပြုလုပ်ပေးနိုင်တာကြောင့် မည်သည့် Video File ကိုမဆို အလွယ်တကူ ဖွင့်ကြည့်လို့ရပါတယ်။ VLC Player ဟာ Youtube ဗီဒီယိုများကို တိုက်ရိုက် ကြည့်ရှုနိုင်ယုံသာမကပဲ Playlist အနေဖြင့် ပြုလုပ်ထားလို့ရပါတယ်။

        ဒီတော့ Youtube မှ Video များကို VLC Player Playlist မှာ ထည့်သွင်းထားခြင်းအားဖြင့် ဗီဒီယို တစ်ခုပြီးတစ်ခု တောက်လျှောက် Play နေမှာ ဖြစ်ပါတယ်။

        အခု Youtube မှ ဗီဒီယိုများကို VLC မှာ ကြည့်ရှုရန်အတွက် VLC Media Player ကိုဖွင့်လိုက်ပါ။ ပြီးနောက် File > Open Network ကို ရွေးလိုက်ပါ။ Keyboard Shortcut အနေနဲ့ကတော့ Ctrl+N ကို အသုံးပြုနိုင်ပါတယ်။

 

 

        Please enter a network URL: အောက်က အကွက်လေးမှာ သင့်ရဲ့ youtube address ကို ကော်ပီကူးပြီး ထည့်သွင်းပေးလိုက်ပါ။ ပြီးနောက် Play ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ youtube ပေါ်မှ Video များကို VLC Player ပေါ်မှာ တိုက်ရိုက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

အခြားသော Video Streaming ဝဘ်ဆိုက်များမှ ဗီဒီယိုများကိုလည်း ထိုနည်းအတိုင်း ကြည့်ရှုနိုင်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.