ZipGenius Standard Edition

Written by S.N.O Published in 12 Aug 2014

ZipGenius Standard Edition ကွန်ပျူတာအတွင်းရှိ Zip File , RAR File များအားလုံးကို အလွယ်တကူ Zip ပြုလုပ်ခြင်း၊ UnZip ပြုလုပ်ခြင်းများ ပြုလုပ်နိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

ZipGenius Standard Edition ဟာ ကွန်ပျူတာအတွင်းရှိ အရွယ်အစားကြီးမားသော File များ၊ Software များအားလုံးကို Zip အနေဖြင့် ချုံယူထားနိုင်တဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။ ယခင် အသုံးပြုနေကျ Win RAR , Win Zip တို့နဲ့ တည်ဆောက်ပုံခြင်း ဆင်တူပါတယ်။

ဒါပေမယ့် ZipGenius Standard Edition ရဲ့ အားသာချက်ကတော့ Zip File များကို E mail တိုက်ရိုက်ပို့နိုင်ခြင်း၊ Zip File များကို ပေါင်းစပ်နိုင်ခြင်း စတဲ့ Feature အသစ်များ ထပ်မံပါဝင်တာကို တွေ့ရပါတယ်။

ZipGenius Standard Edition ဆောဖ့်ဝဲကို ဖွင့်လိုက်မယ်ဆိုရင် Create New Archive , Open Archive , Extract File from an Archive , Send an Archive via e-mail  စတဲ့ Feature များကို List အနေဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ထိုမှတဆင့် သင်အသုံးပြုချင်သော Feature တစ်မျိုးမျိုးကို ရွေးချယ်ကာ Zip ပြုလုပ်ခြင်း၊ UnZip ပြုလုပ်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ZipGenius Standard Edition မှာ နောက်ထပ် ပါဝင်လာတဲ့ Feature တွေကတော့ 21 Compression ကို Support လုပ်နိုင်ခြင်း၊ Encoding , Decoding , Zip Encryption , Decryption ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ထို့ပြင် ActiveSync အနေဖြင့်ဖြင့်လည်း အသုံးပြုနိုင်ပြီး FTP , TWAIN Device များမှတဆင့် Zip လုပ်ထားတဲ့ File များကို share ပြုလုပ်နိုင်ပါတယ်။

 

 

ZipGenius Standard Edition ရဲ့ နောက်ဆုံးထွက် Version ကတော့ 6.3.2.3 ဖြစ်ပြီး File Size အရွယ်အစားကတော့ 8.58 MB ရှိပါတယ်။ download.cnet.com မှ အလွယ်တကူ Download ပြုလုပ်နိုင်ပြီး Software အမျိုးအစားကတော့ အခမဲ့ အသုံးပြုနိုင်တဲ့ Freeware ဖြစ်ပါတယ်။

Windows XP , Server 2003 , Vista , Server 2008 , Windows 7 , 8 တို့မှာ ထည့်သွင်း အသုံးပြုနိုင်တာကြောင့် User အားလုံးနဲ့ ကိုက်ညီမှုရှိတဲ့ ဆောဖ့်ဝဲ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.