ZoneAlarm Extreme Security

Written by S.N.O Published in 14 May 2014

ZoneAlarm Extreme Security ကတော့ အသုံးပြုလို့ကောင်းပြီး လုံခြုံမှုရှိတဲ့ Antivirus Software တစ်ခု ဖြစ်ပါတယ်။

ZoneAlarm ဟာ ပေါ်လာခါစကတော့ အတော်လေး နာမည်ကြီးပြီး လူကြိုက်များတဲ့ Antivirus ကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အသုံးပြုသူဦးရေ နည်းလာပါတယ်။ အဓိက ပြဿနာကတော့ Software ဟာ နည်းနည်း လေးပါတယ်။ ကွန်ပျူတာရဲ့ Performance ကို အနည်းငယ် ကျဆင်းစေပါတယ်။

အခုနောက်ပိုင်းတော့ ZoneAlarm ဟာ Antivirus Software လောကမှာ ပြန်လည် ဦးဆောင်လာနိုင်ပါပြီ။ ZoneAlarm ဟာ Top Protection System ဖြစ်တာကြောင့် သင့်ကွန်ပျူတာရဲ့ လုံခြုံရေးကိုတော့ အတော်လေး စိတ်ချရပါတယ်။ ယခု ZoneAlarm Extreme Security Series မှာဆိုရင် လုံခြုံရေးအဆင့်တွေကို ပိုမိုတိုးမြှင့်ထားပြီး အချိန်တိုင်း Virus , malware , အစရှိတဲ့ Threat တွေကို စောင့်ကြည့် စစ်ဆေးနေမှာ ဖြစ်ပါတယ်။

ZoneAlarm Extreme Security ဟာ စွမ်းဆောင်မှု ကောင်းမွန်တဲ့ Software ကောင်းတစ်ခုဖြစ်ပေမယ့် software ရဲ့ အသွင်အပြင် Interface ကတော့ အတော်လေး ရိုးရှင်းပါတယ်။

ZoneAlarm Software ရဲ့ အပေါ်ဆုံးမှာတော့ အစိမ်းရောင် အမှန်ခြစ်လေးကို ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ သင့်ကွန်ပျူတာရဲ့ လုံခြုံရေးကို စောင့်ကြည့်နေတဲ့ သဘောပါ။ ပြီးတော့ သင့်ကွန်ပျူတာဟာ Secure ဖြစ်နေတယ် လုံခြုံမှုရှိနေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ သူ့ရဲ့အောက်မှာတော့ Antivirus & Firewall , Web & Privacy နှင့် Mobility & Data ဆိုပြီး menu သုံးခု ခွဲခြား ဖော်ပြထားပါတယ်။

 

Fig (01)

 

ဒီ Menu တွေအလိုက် Feature တွေကိုလည်း On/ Off ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ ဥပမာ သင့်အနေဖြင့် Web အသုံးပြုနေစဉ်အတွင်း Web & Privacy ကို On ထားခြင်းဖြင့် အင်တာနက်လုံခြုံရေးကို အထူးကောင်းမွန်စေနိုင်ပါတယ်။ တကယ်လို့ အင်တာနက် အသုံးမပြုတော့ဘူးဆိုရင်တော့ Web & Privacy ကို ပြန်ဖြုတ်ထားနိုင်ပါတယ်။ အခြားသော Feature တွေဟာလည်း ဆင်တူပါတယ်။

ZoneAlarm ရဲ့ အဓိက Feature ကတော့ Security နှင့် Performance ဖြစ်ပါတယ်။ ZoneAlarm မှာ Antivirus Features အနေဖြင့် Advanced Real Time Antivirus ဆိုပြီး ထည့်သွင်းထားပါတယ်။ အဓိပ္ပါယ်ကတော့ အချိန်ပြည့် Virus များ ၀င်ရောက်ခြင်းကို စောင့်ကြည့်နေတယ်ဆိုတဲ့ သဘောပါပဲ။

ZoneAlarm Software ကို Update ပြုလုပ်ရန်အတွက် Cloud Database Feature ထည့်သွင်းထားပါတယ်။ သူကတော့ အင်တာနက်မှတဆင့် Software ကို Update ပြုလုပ်ရန်ဖြစ်ပါတယ်။ ZoneAlarm ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ Two Way Firewall Protection System ဖြစ်ပါတယ်။

သူ့ရဲ့ Feature ကတော့ Download ပြုလုပ်လိုက်တဲ့ File တွေ နဲ့ E mail မှာ Attachments အဖြစ်ပါဝင်လာတဲ့ Files တွေ Document တွေကို Scan ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Anti Keylogging System ပါဝင်တဲ့အတွက်ကြောင့် သင့်ရဲ့ Username , Password , User ID နှင့် အခြား Account တွေကို အခြားသူတစ်ယောက်မှ မခိုးယူနိုင်အောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။

အနောက်နိုင်ငံရှိ လုံခြုံရေးဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြစ်သည့် AV-Test မှ စစ်ဆေးချက်အရ ZoneAlarm ဟာ Virus ,Malware , စတာတွေ ၀င်ရောက်လာခြင်းမှ 100 % အထိ အပြည့်အဝ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ထို့ပြင် အန္တရာယ်ရှိနိုင်တဲ့ Website URLs တွေကိုလည်း စစ်ဆေးပေးနိုင်တာကြောင့် အင်တာနက်လုံခြုံရေး အထူးကောင်းမွန်တယ်လို့ ဆိုပါတယ်။

ထို့ပြင် ZoneAlarm Extreme Security ဟာ File ပေါင်း သုံးသိန်းကျော်ကို တစ်ခဏအတွင်း Scan ပြုလုပ်နိုင်ပြီး ၎င်းအတွင်းပါဝင်တဲ့ Virus , malware တွေကို နှိမ်နှင်းနိုင်ကြောင်း သိရှိရပါတယ်။ ZoneAlarm ကို Rate အနေဖြင့် နံပါတ် 7 နေရာတွင် တွေ့ရမှာဖြစ်ပြီး ယခုနှစ်အတွက် အသင့်တော်ဆုံး Antivirus တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.